ကို ခေါ်ယူဖွယ် ရှိကြောင်း ဖွင့်ဟခဲ့သည်။ ပြီးခဲ့သော လအနည်းငယ် အတွင်း၌ အသင်းတွင်ပျော်မွေ့ခြင်းမရှိတော့ဟု ၀န်ခံခဲ့ခြင်းကြောင့် ရော်နယ်ဒိုနှင့်ပတ်သက်သည့်အပြောင်း အရွှေ့ သတင်းများ ပေါ်ပေါက် ခဲ့သေးသည်။
ယခုအခါ၌ ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ လီယိုနာဒိုက ကမ္ဘာပေါ်တွင် ရော်နယ်ဒိုကို ခေါ်ယူနိုင်သည့် အသင်း ၅ သင်းထက် မပိုသော်လည်း ပီအက်စ်ဂျီမှာ တစ်သင်း အပါအ၀င်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ကာတာ ခရီးသွားလာရေး အဖွဲ့အစည်းနှင့် စပွန်ဆာ စာချုပ်ချုပ်ဆိုလျှင် ရရှိမည့်ပေါင်သန်း(၂၀၀)ကြောင့် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး သင့်တင့် မျှတမှု စည်းမျဉ်း အတွက် ပူပန်စရာ မရှိသော ပီအက်စ်ဂျီမှာ အဆိုပါ စပွန်ဆာ ၀င်ငွေကြောင့် ရော်နယ်ဒိုကို ခေါ်ယူလိမ့်မည်ဟု THE SUN, Daily Mail တို့မှ ခန့်မှန်းခဲ့ကြသည်။ ပီအက်စ်ဂျီမှာ ကာတာ သူကြွယ်များ၏ငွေအင်အားဖြင့် ထိပ်တန်း ကစားသမားများစွာကိုခေါ်ယူနိုင်ခဲ့ပြီး ပက်စ်တိုရီ၊ လာဗက်ဇီ၊ အီဗရာမိုဗစ်ခ်ျ၊ သီယာဂိုဆေးလ်ဗား၊ မိုရာ စသည့် နာမည်ကျော် ကစားသမားများကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့သည်။
YoYarLay

No comments:
Post a Comment