
ကမ္ဘာ့ အကောင်းဆုံး အသင်းတွင် လာလီဂါ ကစားသမားများသာ ပါဝင် လာခဲ့ပြီးနောက်
အင်္ဂလန် ဘောလုံး လောက အနာဂတ် အတွက် စိုးရိမ် ကြောက်ရွှံ လာမိကြောင်း အဂ
င်္လန်
ဂန္ထ၀င် ကစားသမား ဂျင်မီ ရက်နပ်က သုံးသပ်ခဲ့သည်။ ထို့အပြင် အင်္ဂလန်
မျိုးဆက်သစ် လူငယ် ကစားသမားများမှာ ငွေနောက် အာရုံ ရောက်နေကြပြီး ထိပ်တန်း
အဆင့် ခြေစွမ်း ရရှိရန်ထက် လူနေမှု ဘ၀ ပကာသနများတွင် နစ်မွန်းနေကြကြောင်း
ဝေဖန် သွားခဲ့သည်။ရော်ဘီဖောင်လာနှင့် မိမိတို့ အနေဖြင့် မိခင်
ကလပ် အသင်းတွင် ပါဝင်ခွင့် ရရန် အပြင်းအထန် ကြိုးစားခဲ့ရကာ ပေါလ်စခိုးလ်၊
ဘက်ခမ်း တို့မှာလည်း အလားတူ အားထုတ်ခဲ့ရသည်ဟု ရက်နပ်က ဆိုခဲ့သည်။ သို့သော်
လက်ရှိ အင်္ဂလန် လူငယ် ကစားသမား များမှာ လစာငွေ အမြောက်အများ
ရရှိခြင်းကြောင့် အသက်(၁၈)နှစ် အရွယ်၌ပင် တန်ဖိုးကြီးကားများ
ပိုင်ဆိုင်နေကြပြီး ယင်းအတွက် အကောင်းဆုံး ခြေစွမ်း ရရန်
အားမထုတ်လိုကြတော့ဘဲ ပြင်ပ လူနေမှု ဘ၀ မော်ကြွားခြင်းတွင်သာ
အချိန်ကုန်နေကြသည်ဟု စွပ်စွဲခဲ့ သည်။
ထို့ကြောင့် အင်္ဂလိပ် ဘောလုံး
လောကတွင် အရည်အသွေးမြင့် မျိုးဆက်သစ် ကစားသမား ရှားပါးလာခဲ့ပြီး မိမိ
ကြည့်ရှု့ခဲ့သည့် လူငယ် ပွဲစဉ်များတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့်
အစွမ်းအစမျိုး မတွေ့ရှိခဲ့ဟု ရက်နပ်ကပြောကြားခဲ့သည်။ကာဇိုလာ၊မာတာ၊ဆေးလ်ဗားတို့မှာပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေနိုင်သည့်
ကစားသမားများ ဖြစ်သော်လည်း စပိန် အသင်းတွင် ၎င်းတို့ကဲ့သို့
ကစားသမားကောင်းများ အများအပြား ရှိနေပြီး အင်္ဂလန် အသင်းအတွက် တယ်ရီ၊ ဂျရတ်၊
လမ်းပတ်တို့ နေရာတွင် အစားထိုးနိုင်မည့် လူငယ် ကစားသမားများ အသင့်ရှိ မနေဟု
နှိုင်းယှဉ်ပြခဲ့ကာ အက်ဖ်အေ အနေဖြင့် ထိုကိစ္စကို စဉ်းစား ဆုံးဖြတ်သင့်ပြီဟု
ရက်နပ်က အကြံပြု သွားခဲ့သည်။
YoYarLay
No comments:
Post a Comment