နံနက်မိုးသောက်
မျက်စေ့ကိုဖွင့်နားကိုစွင့်လိုက်တာနဲ့ မြန်မာအပါအ၀င် ကမ္ဘာတစ်လွှားမှ နောက်ဆုံးရ သတင်း အစုံအလင်ကို
ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အင်တာနက်က တစ်ဆင့် နေ့စဉ်ကြားမြင်
နေရမှာဖြစ်ပါတယ်။ ကမ္ဘာ့နေရာဒေသ အသီးသီးမှ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ပျက်စီးဆုတ်ယုတ်မှုတွေ အမျိုးစုံလင် ကြားသိရမှာဖြစ်ပါတယ်။ များသောအားဖြင့် ကပ်ဘေး အန္တရာယ်များ၊ ညှိနှိုင်းမရသော ပဋိပက္ခများ၊ အဖြေရှာမရသော ဆွေးနွေးမှုများ၊ ဖျန်ဖြေ၍ မရနိုင်သော တိုက်ခိုက် သတ်ဖြတ်မှုများ စတဲ့ အကြောင်းအရာများကသာ ပိုများပါတယ်။ နိုင်ငံတစ်ခုအတွင်းပင်၊ မျိုးနွယ်တူ အချင်းချင်းပင် ငြိမ်းချမ်း အေးဆေးစွာ လက်တွဲနေထိုင်လိုပါလျက် မငြိမ်းချမ်းနိုင်ဘဲ ဖြစ်နေရသည်မှာ ထိုသူများ၏ အသိဉာဏ်ကို မည်သည့်တိမ်သလ္လာများက ဖုံးအုပ်ထား၍နည်း။ သို့တည်းမဟုတ် မည်သည့်ဘေးပယောဂ များ ၀င်ရောက်ပူးကပ်နေ၍နည်း။ အဖြေရှာနိုင်ရန် ခက်ခဲလှပါတယ်။
နေရမှာဖြစ်ပါတယ်။ ကမ္ဘာ့နေရာဒေသ အသီးသီးမှ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ပျက်စီးဆုတ်ယုတ်မှုတွေ အမျိုးစုံလင် ကြားသိရမှာဖြစ်ပါတယ်။ များသောအားဖြင့် ကပ်ဘေး အန္တရာယ်များ၊ ညှိနှိုင်းမရသော ပဋိပက္ခများ၊ အဖြေရှာမရသော ဆွေးနွေးမှုများ၊ ဖျန်ဖြေ၍ မရနိုင်သော တိုက်ခိုက် သတ်ဖြတ်မှုများ စတဲ့ အကြောင်းအရာများကသာ ပိုများပါတယ်။ နိုင်ငံတစ်ခုအတွင်းပင်၊ မျိုးနွယ်တူ အချင်းချင်းပင် ငြိမ်းချမ်း အေးဆေးစွာ လက်တွဲနေထိုင်လိုပါလျက် မငြိမ်းချမ်းနိုင်ဘဲ ဖြစ်နေရသည်မှာ ထိုသူများ၏ အသိဉာဏ်ကို မည်သည့်တိမ်သလ္လာများက ဖုံးအုပ်ထား၍နည်း။ သို့တည်းမဟုတ် မည်သည့်ဘေးပယောဂ များ ၀င်ရောက်ပူးကပ်နေ၍နည်း။ အဖြေရှာနိုင်ရန် ခက်ခဲလှပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပင်
ဝါရှင်တန်အခြေစိုက် ထောက်လှမ်းရေးနဲ့ နိုင်ငံတကာရေးရာ အထူး သတင်းထောက် ဝိန်းမက်ဆန်ရေးသားတဲ့
ဂျော့ဆိုရော့ ထိန်းချုပ်သည့် ကမ္ဘာ့အစီအစဉ်သစ် (“A Soros-Made ‘New World Order’
Takes Shape at the US”) ဆောင်းပါးအား NSNBC သတင်း ၀ဘ်ဆိုက်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က
ဖော်ပြထားတာကို ဖတ်ရှု လိုက်ရပါ တယ်။ ဆောင်းပါးမှာ ဂျော့ဆိုရော့ရဲ့ ဘဏ္ဍာရေး အထောက်အကူပေးရေး အဖွဲ့၊
“အန်ဂျီအို”နဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများကွန်ရက်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့
ကုလသမဂ္ဂ အထူးအေဂျင်စီများ အတွင်းရှိ လုပ်ငန်းတာဝန်များကို ထိန်းချုပ်လျက် ကမ္ဘာ့အထက်တန်းလွှာများနဲ့
ဝ.၁ ရာခိုင်နှုန်းသာရှိတဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့မြေပုံကို ပြန် လည်ရေးဆွဲ ဖို့
ရည်မှန်းချက် ထားရှိကြောင်း ဖော်ပြထားပါတယ်။
တစ်ချိန်က
ပွင့်လင်းမြင်သာမှုရှိခဲ့တဲ့ ကုလသမဂ္ဂဟာ ယခုအခါ ဗျူရိုကရက် ဆန်လာပါတယ်။ ဆိုရော့နှင့် ဆက်စပ်မှုရှိတဲ့
“အန်ဂျီအို”အဖွဲ့ဝင်များနဲ့ ဖို့ဒ်၊ ရော့ဖဲလားဖောင်ဒေးရှင်းကဲ့သို့ အဖွဲ့များ၊ စီအိုင်အေအရာရှိများ၊
အရာရှိဟောင်းများနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်များပါဝင်တဲ့ အနောက်အုပ်စု သံတမန်များဟာ
တံခါးပိတ်ဆွေးနွေးပွဲများပြုလုပ်ကာ အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ကြ ကြောင်း၊
ယနေ့ကာလမှာ ကုလသမဂ္ဂအေဂျင်စီများနဲ့ အဖွဲ့ဝင်များစွာကို ပုဂ္ဂလိကချမ်းသာ ကြွယ်ဝသူ များက
ငွေကြေးထောက်ပံ့ကူညီထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့
အရေးပါတဲ့ လက်ထောက်အများစုဟာ အမေရိကန်နိုင်ငံသား များဖြစ်ပြီး နေတိုးအဖွဲ့နဲ့ မဟာမိတ်နိုင်ငံများရဲ့
အကျိုးစီးပွားကို ပိုမိုအလေးထားသူများဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများကလွဲလို့
ကုလသမဂ္ဂအေဂျင်စီအသီးသီးမှာ ဆိုရော့နှင့် အဖွဲ့ဝင် များ၊ စီအိုင်အေများက လွှမ်းမိုးထားပါတယ်။
ဟန်ဂေရီနိုင်ငံသား ဘီလျံနာဂျော့ဆိုရော့အနေနဲ့ နာဇီ တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းခဲ့ဖူးသူဖြစ်ပြီး
လက်ရှိမှာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း အဓိက ပစ်မှတ်ထားလျက် ရှိပါတယ်။
၎င်းအစီအစဉ်သစ်အရ
ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်(Global Compact)ကို အကောင် အထည်ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရေးအတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှ
တစ်ဆင့် အထောက်အကူပေးလျက် ရှိပါတယ်။ ကုလသမဂ္ဂမှာ တံခါးပိတ်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိပြီး
အဖွဲ့ဝင်နိုင်ငံများ အပေါ် သေးငယ် သော အစိတ်အပိုင်းများပိုင်းခြားခွဲခြားရေး စာတမ်းဖတ်ပွဲများကို
ကုလသမဂ္ဂကြိုတင် ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ အေဂျင်စီအချင်းချင်း ပေါင်းစပ်ညှိနှိုင်းရေးမူဘောင် (Framework
Team-FT)ပါ ညွှန်ကြားချက်များအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ FT မှာ ကုလသမဂ္ဂရုံးအသီးသီးနှင့်
အထူးအေဂျင်စီ ၂၈ ခုမှ ကိုယ်စားလှယ်များ ပါဝင်ကြပါတယ်။
FT
ရဲ့လုပ်ငန်းတာဝန်အများစုကို အမေရိကန်နိုင်ငံသူ ဂေးရော့စ်ဘလန်ကူးမားက ဦးဆောင် လျက်ရှိပါတယ်။
ဆိုရော့နဲ့ ၎င်းရဲ့ “အန်ဂျီအို”များ၊ စီအိုင်အေနဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်းရှင်များဟာ နိုင်ငံတကာကော်ပိုရေးရှင်းများ၊
အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ရဲ့ လိုအပ်ချက်များ ဖြည့်ဆည်းရေး အတွက် ကမ္ဘာ့မြေပုံပြန်လည်ရေးဆွဲရန်
အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ ဆွေးနွေးပွဲအများစု မှာ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယားနှင့်
အခြားနိုင်ငံ များမှာ နိုင်ငံတကာ ကြားဝင်စွက်ဖက်ရေးဆိုင်ရာ အကာအကွယ်ပေးရေး (Responsibility
to Protect-R2P)ကို တွန်းအားပေးခဲ့သူ အီလီဝီဆဲ အပေါ်မှီခို အားထားလျက်ရှိပြီး ၎င်းဟာ နိုင်ငံအသီးသီးရှိ
အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကုလသမဂ္ဂကို အကြံပေးလျက်ရှိပါတယ်။
FT
အဖွဲ့ဟာ သမ္မတအိုဘားမားရဲ့ သတင်းအချက်အလက် အကြံပေး ကတ်စ်ဆန်စတိန်း၊ ၎င်းရဲ့ဇနီး အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီက
စမန်သာပါဝါနဲ့ အဲလ်ဘတ် အိုင်စတိုင်း အင်စတီ ကျူရှင်းက အယူအဆရေးရာပညာရှင် ဂီးရ်ရှပ်(ပ)တို့ရဲ့
အယူအဆများကိုလည်း ကျင့်သုံးလျက်ရှိပါ တယ်။ FT အဖွဲ့ဟာ အနောက်အုပ်စုလိုလားတဲ့ အစိုးရများရှိရာ
ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ကမ္ဘာ တစ်ဝန်းရှိ လှုပ်ရှားတက်ကြွသူများကို လေ့ကျင့်ပေးလျက်ရှိပါတယ်။
အဓိကအားဖြင့် အဆိုပါ အစိုးရ တွေအပေါ် ဆန့်ကျင်ဆန္ဒပြုမှု မပြုစေရေး လှုပ်ရှားတက်ကြွသူများကို
အကြံပေးပါတယ်။ ဒီအဖွဲ့ရဲ့ လုပ်ငန်း တစ်ရပ်လုံးကို ဆိုရော့ရဲ့ငွေကြေးအကူအညီနဲ့ ထောက်ပံ့ပေးလျက်ရှိပါတယ်။
FT
အဖွဲ့ရဲ့ အဓိကလုပ်ငန်းတစ်ရပ်မှာ ရှိရင်းစွဲနိုင်ငံငယ်များကို သေးငယ်တဲ့အစိတ်အပိုင်း
အသီးသီးအဖြစ် ပိုင်းခြားခွဲခြမ်းရေးပဲဖြစ်ပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ “Nepal in
Transition” ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ၎င်းတို့ရဲ့မဟာဗျူဟာကို ရှင်းလင်းစွာတွေ့ရပါတယ်။
နီပေါနိုင်ငံကို ဖက်ဒရယ် အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခွဲခြားခြင်းမပြုမီ ပထမအဆင့်အဖြစ်
ဖက်ဒရယ် ဝါဒသဘော ကို လေ့လာဆန်းစစ်တဲ့ သဘောဖြစ်ပါတယ်။
ဒီ
“နီပေါနိုင်ငံ” ပိုင်းခြားခွဲခြမ်းရေး မဟာဗျူဟာကို နီပေါရှိ ကုလသမဂ္ဂမစ်ရှင်ကို ဦးဆောင်တဲ့
အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အီအန်မာတင် က ခေါင်းဆောင်ခဲ့ပါတယ်။ နီပေါရှိအဖွဲ့
အစည်းများ၊ နိုင်ငံသားများ၊ ဒါလစ်နဲ့ မွတ်စလင်ကဲ့သို့ လူမျိုးများကို အခြေခံကာ ပြည်ထောင်စု သမ္မတ
နိုင်ငံတစ်ရပ်အဖြစ် ကူးပြောင်းရေးဖြစ်ပါတယ်။ မာတင်ဟာ ဘော့စနီးယား-ဟာဇီဂိုးဗီးနားနဲ့
လစ်ဗျား နိုင်ငံတို့ကိုဖြိုခွဲပြီး ဖက်ဒရယ်စနစ် တည်ထောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။
လစ်ဗျားအရှေ့ပိုင်း ဆိုင်ရီနိုင်ကာပြည်နယ်ဟာ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို
တောင်းဆိုခဲ့ပါတယ်။
နီပေါအရေးမှာ
ကုလတာဝန်ရှိသူအချို့ဟာ မော်ဝါဒီတွေကို ဖယ်ရှားပစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းကွန်းဖရင့်မှာ စီအိုင်အေနဲ့ ချိတ်ဆက်တဲ့ တောင်အာရှရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
ရောဘတ်အိုဘလိတ် ပါဝင်ခဲ့ပြီး သူဟာ ၂၀၁၂ ခုနှစ် မော်လ်ဒိုက် အာဏာသိမ်းမှုကို ကြိုးကိုင်ခဲ့ကြောင်း
သတင်းထွက်ခဲ့သူဖြစ်ပါတယ်။ မော်လ်ဒိုက်ကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများအဖြစ် ပြိုကွဲသွားစေပြီး
တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ရေး အမေရိကန်ရဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် မော်လ်ဒိုက်နိုင်ငံတောင်ပိုင်းမှာ
အမေရိကန်စစ် အခြေစိုက်စခန်းတစ်ခု တပ်စွဲခွင့် ရရှိစေခဲ့ပါတယ်။
သီရိလင်္ကာဟာလည်း
ဖက်ဒရယ်ကျင့်သုံးရေး လမ်းကြောင်းပေးနိုင်ငံရေးသမားများ ပစ်မှတ်ဖြစ် လာခဲ့ပါတယ်။ ၂၀၀၈
ခုနှစ် အမေရိကန် သမ္မတလောင်း မဲဆွယ်စည်းရုံးစဉ်ကာလမှာ ဟီလာရီ ကလင်တန်နဲ့ အိုဘားမားတို့ဟာ
သီးခြားပြည်နယ် ထူထောင်ရေး ကြိုးပမ်းနေတဲ့ တမီးလ်ကျားသူပုန်တွေ ဆီက မဲဆွယ်စည်းရုံးရေးရန်ပုံငွေ
အများအပြားရခဲ့တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တမီးလ်ကျားသူပုန်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်
ယခင်ကသတ်မှတ်ထားပေမယ့် ယခုတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အိုဘားမား အစိုးရ၊ ဆိုရော့နဲ့ နော်ဝေနိုင်ငံရှိ
နိုင်ငံတကာငြိမ်းချမ်းရေး အဖွဲ့တို့က သီရိလင်္ကာမှာ ဆင်ဟာလီစ်၊ တမီးလ်နဲ့ မွတ်စလင် ဖက်ဒရေးရှင်းတစ်ရပ်
တည်ထောင် ကျင့်သုံးနိုင်ရေး တွန်းအားပေးခဲ့ပါတယ်။
နော်ဝေနိုင်ငံသားအများအပြားဟာ
သီရိလင်္ကာမှာ ဖက်ဒရယ်စနစ်ကျင့်သုံးရေး နောက်ကွယ်က တွန်းအားပေးလျက် ရှိပါတယ်။ ဆိုရော့ရဲ့ အားကိုးယုံကြည်တဲ့
ဒေါက်တာဂျိုဟန်ဂါတွန်က အဓိက ဖြစ်ပါ တယ်။ ဆိုရော့ရဲ့ အန်ဂျီအိုအဖွဲ့အစည်းများဟာ နိုင်ငံတကာ ဆက်ဆံရေး
အစီအစဉ်များနဲ့အတူ အဓိက ကျတဲ့ တက္ကသိုလ်ကြီးတွေမှာ ပိုင်းခြားခွဲခြမ်းရေး အစီအစဉ်များကို
လေ့လာမှုတွေပြုလုပ်နေကြ တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာလည်း
ဖက်ဒရယ်ဝါဒီများနဲ့ ပိုင်းခြားခွဲခြမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ ဆိုရော့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံကို မျိုးနွယ်စု အခြေပြု နိုင်ငံငယ်များအဖြစ်
ခွဲခြားပစ်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် နေရာအချို့မှာ အမေရိကန် စစ်အခြေစိုက်စခန်း တည်ဆောက်နိုင်ရေး
အထောက်အကူဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံတောင်ပိုင်းကို ထိရောက်စွာ နှောင့်ယှက်နိုင်မှာဖြစ်ပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံ အတွင်း သြဇာလွှမ်းနိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက် မှုပြဿနာတွေကို
ဆိုရော့က လက်ကိုင် အသုံးပြုလျက်ရှိပါတယ်။
အီးယူ၊
အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဆိုရော့ရဲ့မဟာမိတ်အဖွဲ့ရဲ့ အန္တိမ ရည်မှန်းချက်က
အိန္ဒိယ၊ ရုရှား၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ကို နိုင်ငံငယ်များအဖြစ် ပိုင်းခြား
ခွဲခြမ်းပစ်ရေးပဲဖြစ်ပါတယ်။ ဒါတွေကတော့ NSNBC လေ့လာရှာဖွေ တွေ့ရှိမှုတွေပဲ ဖြစ်ပါတယ်။
ဒီသတင်းဌာနကို ၂၈-၈-၂၀၁၁ ရက်နေ့မှာ “အမှန်တရားကို ထိန်းချုပ် ဖုံးကွယ်ထားသော အသင်း အဖွဲ့ပိုင်နဲ့
အစိုးရပိုင်မီဒီယာများ အဆုံးသတ်စေရန်” ရည်ရွယ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသ အသီးသီးမှ
သတင်းထောက်များ၊ စာပေပညာရှင်များနဲ့ ကျွမ်းကျင်ပညာရှင်များထံက သတင်း ဆောင်းပါးများကို ရယူ
ထုတ်ဝေနေတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းနေ့စဉ်တိကျတဲ့ သတင်းပေးပို့ချက် တွေ၊ ကျယ်ပြန့်နက်ရှိုင်းတဲ့
အကဲဖြတ် ဆန်းစစ်ချက်တွေနဲ့ ထင်မြင်ယူဆချက်တွေကို စာဖတ်သူတွေထံ အရောက်ပို့လိုတဲ့ ရည်ရွယ်ချက်နဲ့
တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ကောင်းပါပြီ။
ကျွန်တော်တို့မြန်မာပြည် အတွင်းမှာရော၊ ဆိုရော့ရဲ့ ကုလနဲ့ အန်ဂျီအိုတွေ၊ အရေခြုံပုဂ္ဂိုလ်တွေ
အားလုံးနီးနီး ရောက်နှင့်ပြီးသားဆိုတော့ သူတို့တွေ ဘယ်လောက်အထိ ခရီးပေါက် နေပါပြီလဲ။
နိုင်ငံတော်ရဲ့ မဏ္ဍိုင် ၃ ရပ်ထဲမှာ၊ အစိုးရနဲ့ ဆန့်ကျင်ဘက်တွေအကြားမှာ၊ နိုင်ငံရေး ပါတီတွေ
အချင်းချင်းအကြားမှာ၊ နိုင်ငံရေးပါတီတစ်ခုချင်းအတွင်းမှာ၊ တိုင်းရင်းသားလူမျိုးစုတွေ
လက်နက်ကိုင်အဖွဲ့တွေအကြားမှာ ဆိုရော့ရဲ့နိုင်ငံပိုင်းခြားခွဲခြမ်းရေး အစီအစဉ်တွေ ဘယ်လောက် အောင်မြင်နေပြီလဲ ဆိုတာ သုံးသပ် ကာကွယ်ရတော့မယ့် အချိန်ဖြစ်ပါတယ်။
ရှေး
ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက ပေါင်းစည်းနေထိုင်လာခဲ့တဲ့ တိုင်းရင်းသား အချင်းချင်း မယုံကြည်ဘဲ
ဒီလိုအကြံကြီးတဲ့ ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ လှည့်ကွက်ထဲမှာ မဆင်မခြင်ယုံကြည်ပြီး
လည်စင်းခံသွားကြမှာလား။ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ လက်နက်ခဲယမ်းများ ရောင်းချရမယ့်ဈေးကွက် အဖြစ်ခံကြမှာလား။
လူမျိုလို့ လူမျိုးပျောက်မယ့် အရေးတွေကို လျှော့တွက်နေကြမှာလား။ အချင်းချင်း မညီမညွတ်ဖြစ်နေချိန်မှာ
နောက်တိုးလာတဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်သက်စွာ စစ်ရေးပြင်ဆင်မှုတွေကို ထည့်မတွက်ကြတော့ဘူးလား။
ဒီလိုပဲ နိုင်ငံအတွင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ
အရှိန်မြှင့် လုပ်ဆောင်လာတာနဲ့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ အပြည့်အ၀ ရသွားမှာလား။
ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ “ကြက်လည်းမော ယာလည်းညက်” တဲ့ အချိန်မှာ ဆိုရော့ရဲ့ ကမ္ဘာသစ် အစီအစဉ်
အောင်မြင်သွား နိုင်သ လား ဆိုတာ အသိဉာဏ်လေး တစ်ချက်လက်ပြီး အားလုံး စည်းလုံး သင့်ကြ ပါပြီ။
အောင်ဘာလေ
No comments:
Post a Comment