အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် MCGမှ ဦးဆောင်ပြီး မန်းမြို့၏ ၂၀၁၃ခုနှစ် အတွက် ပထမဆုံးအကြိမ် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပွဲ(Job Fair Upper Myanmar 2013) ကို ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ရတနာပုံစူပါစင်တာ ငါးလွှာရှိ MCCတွင် နံနက် ၉နာရီမှ ညနေ ၇နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အလုပ်အကိုင်မရှိသေးတဲ့လူငယ်တွေ နောက်ပြီး အလုပ်လုပ်နေတဲ့လူတွေ ပိုမိုကောင်းမွန်တဲ့ အလုပ်ကို လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီးလုပ်တာပါ။ ကုမ္မဏီတွေဘက်ကလည်း ၀န်ထမ်းကောင်းရှာချင်တာမျိုးတွေ အရည်ချင်းပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေရရှိဖို့အတွက်လည်းရည်ရွယ်ပါတယ်ဟု MCG အလုပ်အကိုင် ရှာဖွေ ရေးအေဂျင်စီမှမန်နေဂျာ မနှင်းပွင့်ဖြူမှ ပြောသည်။
plp
Popular Myanmar News Journal
No comments:
Post a Comment