Sunday, February 10, 2013
Apple ကုမ္မဏီကနေ 128 GB သိုလှောင်မှုအားရှိတဲ့ iPad ကို တီထွင် ထုတ်လုပ်ဖွယ်ရှိကြောင်း သတင်း ထွက်ခဲ့ဖူး ပါတယ်။အဲဒါဟာ ကောလဟ လ ဖြစ်မယ် လို့ ယူဆသူတွေ ရှိခဲ့ပါတယ်။ အခုတော့ iPad သင်ပုန်းကွန်ပြူတာထဲမှာ အချက်အလက် များများ ထည့်ချင်တဲ့သူတွေ အဆင်ပြေစေမယ့် 128GB iPad တကယ် ထွက်လာပါပြီ။
နောက်ဆုံးထွက်ရှိထားတဲ့ 4th generation iPad တွေထိ 16 GB , 32GB , 64GB ထိသာ ထုတ်လုပ်ခဲ့တာပါ။
ဒါပေမယ့် သုံးစွဲသူတွေလိုအပ်ချက်အရ 128GB iPad ချက်ချင်းကြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပုံမှန် 64GB ရှိရာကနေ အဲ့ဒီထက် ၂ ဆ အချက်အလက်တွေ ဆံ့မယ့် iPad 128GB အသစ်မှာ ကိုယ်အသုံးပြုချင်တဲ့ applications တွေကို အများကြီး ထည့်နိုင်တော့မှာ ဖြစ်ပါတယ်။
iPad apps တွေ ဟာ Apple Store မှာ ၃ သိန်းကျော် နီးပါးရှိတာပါ။ဒါကြောင့် အသုံးပြုချင်တဲ့သူများအတွက် အရင်ရှိပြီးသား 64GB တွေမှာ အချက်အလက်တွေပြည့်သွားတာတဲ့အခါ သုံးချင်တဲ့ applications တွေ ထပ်ထည့်လို့ မရနိုင်ပါဘူး။
မရတဲ့အတွက် ဂိမ်းဆော့လိုသူများ၊ ရုပ်ရှင် နဲ့ သီချင်း ချစ်သူများအတွက် ကန့် သတ်ချက်တွေ ရှိနေခဲ့ပါတယ်။
ဒီ 128GB iPad အသစ်ကတော့ ကုမ္မဏီ ၀န်ထမ်း ၊ ပညာရေးလုပ်သား၊ အနုပညာသမားတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်မှာပါ လို့ Apple က ဆိုပါတယ်။
ဈေးနှုန်း
WiFi အတွက် ၇၉၉ ဒေါ်လာ ဖြစ်ပြီး WiFi + LTE တို့ အတွက် ၉၂၉ ဒေါ်လာ ကျသင့်မှာ ဖြစ်တာကြောင့် ဈေးတော့ အလွန်များသွားပါတယ်။
ဒါကြောင့်လည်း သင်ပုန်းကွန်ပြူတာ လောကမှာ ဈေးအကြီးဆုံး ပစ္စည်း တခုဖြစ်သွားပါပြီ။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အစပြု ရောင်းချခဲ့ပါတယ်။
iOS 6.1
Apple ကနေ iOS ကို အဆင့်မြှင့်တင်လိုက်ပြီး အခုဆိုရင် iOS 6.1 အထိ ရောက်သွားပါပြီ။
ရှိပြီးသား စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်ပေးထားပြီး၊ အဆင့်မြင့် ကောင်းမွန်လာတဲ့ Siri ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် Google က မြောက်ကိုရီးယားရဲ့ မြေပုံကို ပိုပြီး အသေးစိတ် ထည့်သွင်းလိုက်တာကိုလည်း တွေ့ ရပါတယ်။
အသုံးပြုချင်တဲ့သူတွေအနေနဲ့ Apple Store မှာ အလွယ်တကူ အဆင့်မြှင့်တင်နိုင်ပြီဖြစ်ပါတယ်။
ကိုးကား ။
http://mashable.com/2013/01/29/apple-official-128gb-ipad/
http://mashable.com/2013/01/29/apple-launches-ios-6-1-brief/
ဧရာဝတီ

No comments:
Post a Comment