Saturday, February 09, 2013
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် နဲ့ ကိုပြုံးချိုတို့ ၂ ဦးဟာ လာမယ့် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ကနေ ၂၂ နေ့ထိ ဥရောပ ၃ နိုင်ငံကို ခရီးထွက်မယ်လို့ သိရပါတယ်။ နော်ဝေး၊ ဒိန်းမတ် နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီးနော်ေ ဝးနိုင်ငံမှာ ကိုမင်းကိုနိုင် ဟာ သူ့ကို ၂၀၀၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု ကို လက်ခံရယူ မှာဖြစ်တယ်လို့ ကိုပြုံးချိုက RFA ကိုပြောပါတယ်။
"အစီအစဉ်က နော်ဝေးရယ်၊ ဒိန်းမတ်ရယ်၊ ပြင်သစ်ရယ်ပါ၊ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့တွေ့မှာ ပြီးတော့ အဝေးရောက် မြန်မာတွေနဲ့ တွေ့မှာ"
ဒိန်းမတ်နိုင်ငံကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ရောက်ရှိမှာဖြစ်ပြီး၊ အဲဒီမှာရှိကြတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ ဆုံပွဲပြုလုပ်မှာ ဖြစ်ပါတယ်။
RFA Burmese

No comments:
Post a Comment