Sunday, February 24, 2013

မြန်မာအပါအ၀င် ကီလို ၃,၀၀၀ ထိ ဖြတ်သန်းယှဉ်ပြိုင်ကြမည့် BCIM လေးနိုင်ငံ ကားပြိုင်ပွဲ စတင်

ဘင်္ဂလာဒေခ်ျ့၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ လေးနိုင်နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ BCIM  ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ခရီးရှည် ကားမောင်းပြိုင်ပွဲ တစ်ခုကို မနေ့က  အိန္ဒိယ နိုင်ငံ ကာလကတ္တာမြို့ကနေ စတင် လိုက်ပါတယ်။Burma car in rally
အဲဒီ ကားပြိုင်ပွဲကို BCIM Car Rally 2013 လို့ အမည် ပေးထားပြီး  အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့၊ မြန်မာနိုင်ငံ တို့ကို ဖြတ်သန်း မောင်နှင်မှာ ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှာ အဆုံးသတ်မှာ ဖြစ် တယ်လို့ သိရပါတယ်။

မနေ့ကတော့ ကားပြိုင်ပွဲကို အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလာပြည်နယ် ၀န်ကြီးချုပ် မာမတာ ဘန်နာဂျီ ( Mamata Bannarjee) ကဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ ကောင်စစ်ဝန် ဦးကျော်ဆွေတင့် လည်း ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။အဲဒီကားပြိုင်ပွဲဟာ ကီလိုမီတာ ၃၀၀၀ ကို ဖြတ်သန်း ယှဉ်ပြိုင် မောင်းနှင်ကြမှာ ဖြစ်ပြီး ကာလကတ္တားနေ ဘင်္ဂလာဒေခ်ျ့နိုင်ငံ Jessore၊ ဒက္ကား၊ ဆီလပ် တို့ ပထမ ယှဉ်ပြိုင် ဖြတ်သန်း မောင်းနှင်ကြမှာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကနေ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေကို ပြန်လည် ဖြတ်သန်း မောင်းနှင်ကြမှာ ဖြစ်ပြီး မဏိပူရပြည်နယ် အင်ဖါ ( Imphal) မြို့ကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အိန္ဒိယကနေ မြန်မာနိုင်ငံ ကလေးမြို့၊အဲဒီကနေမန္တလေးကိုရောက်ရှိမှာဖြစ်ပြီးတရုတ်နိုင်ငံနယ်စပ်ရူလီမြို့ကနေဖြတ်သန်းမောင်းနှင်ကြ မှာ ဖြစ်ပြီး ကူမင်းမြို့ ကို မတ်လ ၅ ရက်နေ့မှာ ရောက်မှာ ဖြစ်ပါတယ်။ ကူမင်းမြို့မှာ အခမ်းအနားတွေနဲ့ ပိတ်ပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတာ်။ ဒီလေးနိုင်ငံ ကားပြိုင်ပွဲကနေ BCIM လေးနိုင်ငံတို့ရဲ့ ရင်းနှီးမြုပ်နှံမူ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မူကို မြှင့်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အနောက် ဘင်္ဂလာဝန်ကြီးချုပ် မာမတာက ပြောပါတယ်။
ခုလို ကားပြိုင်ပွဲ ပြုလုပ်နေတဲ့ တချိန်တည်းမှာဘဲ  ဒီကနေ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ကနေ ၂၄ နေ့ထိ (၂)  ရက်ကြာ ကျင်းပမယ့် BCIM လေးနိုင်ငံ ဆွေးနွေးပွဲ တစ်ခုကို လည်း ဒက္ကားမြို့မှာ စတင်နေပြီ ဖြစ်ပါတယ်။

No comments: