ရခိုင်ပြည် တောင်ကုတ်မြို့မှ ၂၉ မိုင်၊ ၄ ဖာလုံခန့်အကွာ၊ ရခိုင်ရိုးမ
တောင်ပေါ်ရှိ နေပူတောင်မှ အလှဆင် (မာဘယ်လ်) ကျောက်များအား ဗီယက်နမ်နိုင်ငံ
(MYSICO) ကုမ္ပဏီမှ ၂၅ နှစ်ထုတ်ယူမည် ဖြစ်ကြောင်း သိရသည်။MYSICO ကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ရေးစီမံကိန်းအား
မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ လုပ်ငန်းလိုင်စင်ရရှိထားခဲ့ရာ
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ လုပ်ငန်း စတင်ခဲ့ပြီး မြန်ဆန်စွာ
လုပ်ကိုင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှသံအမတ် Mr.NChu Cong Phung၊
MYSICO ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ Mr. Ngagen Cong Kun တို့မှာ
ရခိုင်ပြည်နယ်အစိုးရနှင့် ဇန်နဝါရီလ (၂၈) ရက်နေ့ က ဆွေးနွေးခဲ့ကြောင်း
သိရသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပထမတန်းစားကုန်ပစ္စည်းများ
ထုတ်လုပ်နိုင်ရန်နှင့် ထုတ်ကုန်များ ကို ပြည်ပသို့တင်ပို့နိုင်သည့် အဆင့်အထိ
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
တောင်ကုတ်မြို့မှ ဆရာ ဦးမြင့်ဆွေမောင်မှ နေပူတောင်နှင့်ပတ်သက်ပြီး "
ဒီတောင်က နေပူခံတဲ့တောင်ဖြစ် တဲ့အတွက် ဒေသခံတွေက
နေပူတောင်လို့ခေါ်တာဖြစ်တယ်၊ ၁၉၇၀ ခန့်က နေပူတောင်ကျောက်ကို မိုင်းခွဲပြီး
ရခိုင်ရိုးမလမ်းကြီးကို လမ်းခင်းတာတွေ၊ ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်အဆောက်အ ဦ ဆောက်လုပ်တဲ့အခါ အမိုး၊ အမိုးအကာတွေအဖြစ် အသုံးပြုခဲ့သေးတယ်၊
၁၉၇၁ ခုနှစ်ခန့်က ထုတ်ဝေတဲ့ ဗိုလ်တထောင်သတင်းစာမှာ ပြည်ခရိုင်
ပန်းတောင်းမြို့အပိုင်၊ မိုင် (၇၀) အကွာတွင် ဒေါ်လာကုဋေ (၉၀၀) တန်ဖိုးရှိသော
Marble ကျောက်ဆောင်ကြီး တွေ့ရှိ ဆိုပြီး ဖော်ပြပါရှိခဲ့တယ် " ဟု ပြောသည်။
အမှတ်(၁) စက်မှု ဝန်ကြီးဌာနမှ စက်ရုံအား ပထမတွင် လွိုင်ကော်၌ တည်ဆောက်ရာ
သယ်ယူ ပို့ဆောင်ရေး ကုန်ကျမှုများလွန်းသည့်အတွက် နောက်ပိုင်းတွင်
အုပ်ချစ်ပင်အား ကြားခစန်းအဖြစ်ထားရှိပြီး တညင်တွင်
ကျောက်ပြားစက်ရုံတည်ဆောက်ကာ အနှစ်သုံးဆယ်ခန့် ထုတ်လုပ်ရောက်ချခဲ့ပြီး
ကျောက် ထုတ်လုပ်မှု ရပ်ဆိုင်းထားသည်မှာ (၇) ခန့်ရှိနေကြောင်း ယခင်က
နေပူတောင်ကျောက်ထုတ်ရာတွင် လုပ်ကိုင်ခဲ့သူ ဒေသခံတစ်ဦး၏ ပြောပြချက်အရ
သိရသည်။
နေပူတောင် ကျောက်မှာ အအေးဓါတ်ရှိ၍ ယခင်က ဒေသခေါ်အဝေါ်မှာ
နေပူခံတောင်ဖြစ်ပြီး အရောင်မှာ အညိုရောင်၊ အဖြူရောင်၊ အုန်းခွံ့ရောင်၊
နီညိုရောင် စသည်ဖြင့် အရောင် အမျိုးမျိုးတွေ့ရှိရသည်။
နေပူတောင်မှာ ပင်လယ်ရေပြင်မှ ၂၂၂၃ ပေမြင့်ပြီး ကျောက်တောင် အမြင့်ပေ ၃၀၀
ခန့်၊ တောင် ပတ်လည်မှာ (၅) မိုင်ခန့်ရှိပြီး အဆိုပါကျောက်ဆောင်ကြီး
အပြင်ဘေး ဘက်ချိုးမြောက်ကြီးတွင်လည်း Marble ကျောက်ဆောင်တန်းကြီးများ လည်း
ရှိနေသေးပြီး တောင်၏ သက်တမ်း ၇၅ သန်းကျော်ရှိကြောင်း သိရသည်။
No comments:
Post a Comment