Tuesday, February 12, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့အဖွဲ့ ကချင်ပြည်နယ်လူထုနဲ့ တွေ့ဆုံ

Saturday, February 09, 2013
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ခေါင်းဆောင် တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေ ဟာကချင်ပြည်နယ် ကိုဒီကနေ့ ရောက်ရှိလာပြီး ပူတာအိုခရိုင်နဲ့ မြစ်ကြီးနားခရိုင် အတွင်း က ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းတွေ ကို သွားရောက်လေ့ လာ
တွေ့ဆုံခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းဟာ မြစ်ကြီးနား မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းတွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါ တယ်။



ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေရှိနေပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း က ဒေသခံလူထုနဲ့တွေဆုံချိန်မှာ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း စစ်ဘေးရှောင် ဒေသခံပြည်သူတွေကို စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုမြို့က ဒေသခံတွေနဲ့ တွေ့ ဆုံခဲ့ပြီး ၊ နေ့လည်ပိုင်းမှာ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် မှာရှိတဲ့ ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်းက ပြည် သူတွေကို သွားရောက်တွေ့ဆုံပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့အပြင် မြို့တော်ခန်းမမှာလည်း လူထုနဲ့ တွေ့ဆုံလှူဒါန်းခဲ့ပါတယ်။

RFA Burmese

No comments: