Friday, February 08, 2013

ဒေါက်တာဆိတ်ဖွားစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း

Friday, February 8, 2013
ဒေါက်တာဆိတ်ဖွားအမည်ခံ အင်တာနက်ဆောင်းပါးရှင်အား စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော် မရှင်တရပ်ကို ယနေ့ပြုလုပ်သောပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ကိုပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ဦမြညိမ်းက ဥက္ကဌ အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး၊ဒုတိယဥက္ကအဖြစ်ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌဦးနန္ဒကျော်စွာ၊အဖွဲ့ဝင်များ အဖြစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာစိုးရင်(ကမာရွတ်မဲဆန္ဒနယ်)၊ဦးခိုင်မောင် ရည်(အလုံမဲဆန္ဒနယ်)၊ ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်) ဦးအုန်းကြိုင်(မဟာအောင်မြေမဲဆန္ဒနယ်)၊ ဦးမင်းဆွေ(ဒိုက်ဦးမဲဆန္ဒနယ်) နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သောဒေါက်တာမြတ် ဥာဏစိုး(မဲဆန္ဒနယ်အမှတ် (၄) ရန်ကုန်တိုင်းဒေသကြီး)၊ ဦးဖုန်းမြင့်အောင် (မဲဆန္ဒနယ်အမှတ်(၃)ရန်ကုန် တိုင်းဒေသကြီး၊ဦးအောင်ငြိမ်း(မဲဆန္ဒနယ်အမှတ်(၂)၊မကွေးတိုင်းဒေသကြီး)၊ဦကံညွန့်(မဲဆန္ဒနယ်အမှတ်(၅) ၊စစ်ကိုင်းတိုင်းဒေသကြီး)၊ဦးစိုင်းကျော်ဇောသန်း(မဲဆန္ဒနယ်အမှတ်(၂)၊ရှမ်းပြည်နယ်)၊ဦးလှဆွေ(မဲဆန္ဒနယ် အမှတ်(၁၂)၊မကွေးတိုင်းဒေသကြီး)၊ဦးသိန်းဦး (ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံး သပ်ရေးကော်မရှင်၊ပြည်သူ့လွှတ်တော်)၊ဦးစန်လွင်(ဘဏ္ဍာရေးနှင့် ဥပဒေရေးရာကော်မရှင် အမျိုးသား လွှတ်တော်)၊ဒေါ်ကျင်စန်း (ဘဏ္ဍာရေးနှင့် ဥပဒေရေးရာကော်မရှင် ၊အမျိုးသားလွှတ်တော်)တို့ဖြင့် ပါဝင်ဖွဲ့စည်းထား သည်။

Messenger News Journal

No comments: