Friday, February 08, 2013
ကချင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ လက်နက်ကိုင် ပဋိပက္ခ ရပ်စဲသွား ပြီးနောက် နိုင်ငံတော် အစိုးရမှ ပဋိပက္ခ များကြောင့် မိမိတို့ရဲ့ နေအိမ်များ စွန့်ခွာခဲ့သူIDP များကို လူသားချင်း စာနာ ထောက် ထားတဲ့ အကူအညီများ ၀င်ရောက် ခွင့်ပြုရေး ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက် ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒါ့အပြင် ပဋိပက္ခများကြောင့် ၎င်းတို့ရဲ့ နေအိမ်များကို စွန့်ခွာခဲ့ သူများကိုနေအိမ်များပြန်လည်တည်ဆောက်ပေးခြင်း၊ကျောင်းများ၊ ဆေးခန်းများ ပြန်လည် ဖွင့်လှစ်ပေးခြင်း များကိုလည်းဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဆွေးနွေးရေး အဖွဲ့ တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကရွှေလီမြို့မှာ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို တွေ့ဆုံ ဆွေးနွေးရာမှာ အစိုးရနဲ့ KIO အကြား ခိုင်မာတဲ့ စစ်ပြေငြိမ်းရေး အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားတဲ့ နေရာများကို လေ့လာ စောင့်ကြည့် စိစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက် ဆွေးနွေး ဆောင်ရွက်ရေးကို သဘော တူညီခဲ့ကြ တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲမှာပဲ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်း အနေနဲ့ UNFC နဲ့ ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလ မကုန်မီ ကျင်းပရန်နဲ့ အစိုးရနဲ့ KIO အကြား နိုင်ငံရေး ဆွေးနွေးပွဲ များကို ဆက်လက် ကျင်းပ သွားကြဖို့ သဘောတူခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။
MRTV - 4

No comments:
Post a Comment