Friday, February 08, 2013
မြန်မာ့ဆက်သွယ်ရေး ၏ လုပ်ပိုင်ခွင့်များ အား တဖြည်းဖြည်းဆွဲထုတ် သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ “ MPT ကို တဖြည်းဖြည်း ဆွဲ ထုတ်တော့မှာပါ။ သူပါလာတဲ့အ တွက် ပြဿ နာတွေအများကြီး ဖြစ် တယ်။ ဒါပေမဲ့ချက်ချင်းကြီး လုပ် လို့မရဘူး။နိုင်ငံမှာ ဖိုင်ဘာတွေခင်း ထား တာတွေရှိနေတဲ့အတွက် တ ဖြည်းဖြည်း လုပ်သွားမှရမှာပါ”ဟု နေပြည်တော်၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းအပြင်ဆက်သွယ်ရေး ကဏ္ဍ အော်ပရေတာများ ပေးရာတွင်လည်းရွေးချယ်ထားသည့်ကုမ္ပဏီ ၄ ခု သည် အင်အားတောင့်တင်းပြီးတန်း တူအနေအထားတွင် လုပ်ကိုင်နိုင် သည့် ကုမ္ပဏီများဖြစ်ရန် လိုအပ်ကြောင်း၊ ယင်းကြောင့် လက်ရှိဆက်သွယ်ရေးကဏ္ဍအား လုပ်ကိုင်နေ သည့်မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့သည် ကုမ္ပဏီ များနှင့် ပူးပေါင်းလုပ်ကိုင်သွားရ မည်ဖြစ်ကြောင်း၎င်းကပြောသည်။
“ ကုမ္ပဏီ ၄ ခုမှာ ၂ ခုက အင်တာနေရှင်နယ်စနစ်နဲ့ ရွေးချယ် ထားတဲ့အတွက် ကျေးလက်ဒေသ တွေမှာ ငွေ လဲနိုင်တဲ့စနစ်၊ အင် တာနက်သုံးနိုင်တဲ့စနစ်၊ စာသင်နိုင် တဲ့စနစ်ကိုပါ ဆောင်ရွက်မှာပါ။ ဒါ ကြောင့် တစ်ဖက်မှာရှိနေတဲ့ရတနာ ပုံနဲ့ MPT ကိုလည်းတန်းတူအင် အားမျိုြး ဖစ်အောင် ကုမ္ပဏီလေးငါး ဆယ်ခုနဲ့ လုပ်သွားမှာပါ။ကုမ္ပဏီ ၄ ခုမှာ ၃ ခုအားကောင်းပြီး တစ်ခုက အားမကောင်း ဘဲ ဖြစ်လို့မရ ဘူး။ လေးခု လုံးအားကောင်းမှ လည်ပတ် လို့ရမှာပါ”ဟု ၄င်းက ဆက်လက် ပြောသည်။
အသစ်ခေါ်ယူမည့် အော်ပရေ တာ ၂ ခုအနေဖြင့် ယခုနှစ်ဆက် သွယ်ရေးကဏ္ဍ မိုဘိုင်းအလုံးရေ ၁ သန်းနှုန်းမျှသာ လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း ယင်းသို့ဖြစ်ရခြင်းမှာ အော်ပရေတာများ အနေဖြင့် ဖုန်း များထုတ်လုပ်ရောင်းချရန် တာဝါတိုင်စိုက်ထူမှုများပြုလုပ်ရမည့် အချိန်များ ရှိနေသည့် အတွက် စမ်း သပ်သည့်သဘောဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။
လက်ရှိတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍအားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အ တွက် မြန်မာ့ဆက်ရေးပိုင်မြန်မာ့တယ်လီကွန်း၊ ရတနာပုံ တယ်လီပို့ပိုင် ရတနာပုံတယ်လီကွန်း ကုမ္ပဏီ ၂ ခုကိုရွေးချယ်၍ ကျန် ရှိနေသည့် အော်ပရေတာ ၂ ခုကို တင်ဒါခေါ်ယူထားကြောင်း သိရ သည်။
PN-052,055
Popular Myanmar News Journal

No comments:
Post a Comment