Friday, February 15, 2013

လူမင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် မိုးမင်းတို့ကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်

Friday, February 15, 2013
လူမင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် မိုးမင်းတို့ကို မြန် မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်ခဲ့ကြောင်း မြန် မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ အတွင်းရေး မှူး ဦးမြင့်ခိုင်က ပြောကြားခဲ့သည်။ ပြည်သူလူထုအတွင်း အသိပညာပေး ဆွေးနွေးရာတွင် လူထုအများက စိတ်ဝင် စားမှုရှိသော အနုပညာရှင်များမှ ပါဝင်ဟောပြောခြင်းဖြင့် ပိုမို ထိရောက်နိုင်သောကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အ စည်းအရုံးတို့အား MANA မှ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး အနုပညာရှင်လေးဦး၏ သဘောတူညီချက်အရ အသင်း၏ လူထုဆက်ဆံရေး သံတမန်များအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ် သည်။



''ကုန်ပစ္စည်းတွေမှာ သံတမန်ခန့်အပ် ခံရဖူးတယ်။ အခုလို MANA အသင်းကြီးရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီအသင်းကြီးက တကယ့်ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ကိုင်နေတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ ဒီအ သင်းကြီးရဲ့လုပ်ဆောင်ချက်တွေကို ဂုဏ်ယူတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်'' ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောပြသည်။

မူးယစ်ဆေးဝါးနှင့် ဓါတုဗေဒ ပစ္စည်းများကို အခြေခံ၍ ထုတ်ဝေထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ အလွဲသုံးစွဲမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံလျက်ရှိရာ လူထုအားလုံးအတွက် အန္တရာယ်ဆိုးကြီးအဖြစ် ခြိမ်းခြောက်လျက် ရှိနေသောကြောင့် တစ်မျိုးသားလုံးအနေဖြင့် ဝိုင်းဝန်းကာကွယ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အတွင်းရေးမှူး ဦးမြင့်ခိုင်က သုံးသပ်ပြောပြသည်။

Eleven Media Group

No comments: