Friday, February 15, 2013

ကွေးကွေးကောက်ကောက် Laptop Pandora

Friday, February 15, 2013
Pandora Flexible Laptop PC concept လို့ ခေါ်ပါတယ်။ ဒီဇိုင်နာ ကတော့ Jeabyun Yeon ဖြစ်ပါတယ်။ ပုံမှာ မြင်ေ တွ့ရတဲ့အတိုင်းပဲ ကွေးကောက်လို့ရအောင် အသုံးပြုမယ့် Matel က ဖိုက်ဘာ+ LED ဖြစ်ရပါမယ်။ ဖိုက်ဘာအပျော့ ပိုလီမာ ဆီလီကွန် တည်ဆောက်မှုနဲ့ ကြည်လင်ပျက်သားတဲ့ အမြင့်ကိုပေးမယ့် LED မျက်နှာပြင်ပေါင်းစပ်မှုဆိုတာ ပြီးခဲ့တဲ့ ၂၀၁၃ CES မှာ ကတည်းက ဝင်ရောက် ပြသခဲ့ကြပြီး ဖြစ် ပါတယ်။ အဲ့တုန်းက စမတ်ဖုန်း အနေနဲ့ ဖြစ်လာ ဖို့ ပြသခြင်း ဖြစ်ပါတယ်။ ယခုတော့ လပ်တော့ ဆိုတော့ ဘယ်တော့ ဖြစ်လာမလဲဆိုတာ အာမခံလို့ မရသေးပါဘူး။ အနည်းဆုံး ၁ နှစ်ခွဲလောက်ကတော့ အချိန်ယူပြီး ဖန်တီးရ မယ့် Laptop လို့ ဆိုပါတယ်။ သယ်သွားလို့လည်းလွယ်မယ်၊ အကြမ်းလည်းခံမယ်။ ကွေးကောက်ပြီးတော့လည်း သုံးလို့ရ မယ်။ ပေါ့မယ်။ ပါးမယ် ဆိုတော့ လူမကြိုက်မှာ စိတ်မပူရပါ ဘူး။ လက်ရှိမှာတော့ Concept သာ ရှိသေးပေမယ့် Pandora ဟာ မကြာမီ နှစ်များ အတွင်း ဖြစ်လာမယ့် laptop PC ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techgblog
Aung Kham (TSJ team)

--
TechSpace Journal

No comments: