Sunday, February 24, 2013

လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူသေဆုံး

Sunday, February 24, 2013
၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေး တိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာ၏ အနောက်ဘက် (၁) မိုင်ခန့်အကွာ ကြက်သမနှီးဖျာ စခန်း၌ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် လင်းဇင်းရဲစခန်းတပ်ဖွဲ့ ၀င်များမှ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် အခင်းဖြစ်အရပ်သိုသွားရောက်စစ်ဆေးခဲ့ရာ နှီးဖျာစ ခန်းမှ ငလှိုင်တွင်း ရွာနေ ကျော်ဆွေ(၄၃)နှစ်နှင့် ၄င်း၏ ဇနီးဖြစ်သူ မစန်းမော်(၃၂)နှစ်တို့ လင်မယားအချင်းချင်း စကားများရာ အရက်အလွန်အကျွံသောက် စားထားသည့် ခင်ပွန်းဖြစ်သူ ကျော်ဆွေမှ ဇနီးဖြစ်သူ မစန်းမော်အား အရှည်(၁၈)လက်မခန့်ရှိ ၀ါးခုတ်ဓါးမဖြင့်ခုတ်သဖြင့် မစန်းမော်တွင် ယာလက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းငယ်ထိပ်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ လည်ဂုတ်ပြတ်လုနီးပါးဓါးဒဏ်(၁)ချက်တို့ ရရှိသေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ခဲ့သည်။



သေဆုံးသူ မစန်းမော်၏အစ်ကိုဖြစ်သူ ကိုကျော်အောင်မှ လင်းဇင်းရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ သဖြင့် လင်းဇင်းရဲစခန်း(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments: