Monday, February 25, 2013
စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက်၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦး အား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်း စစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအ တွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမ ဝင်ထွက်ခွာရန်ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦး အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ ကားနောက် ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ
သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှားလူမျိုးတစ်ဦးကိုလည်းအတူဖမ်း ဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။
၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။
ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်။ ICA ကလည်းအဖွဲ့သည် စင်ကာပူတွင်နေခိုင်ခွင့်သက် တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသား များ ၏ နိုင်ငံတွင်းသို့ အဝင်၊အထွက်များကို သေချာစစ်ဆေးနေကြောင်း ပြောကြားသည်။
Ref: Asiaone
The Myanma Age

No comments:
Post a Comment