Monday, February 25, 2013
တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ပတ်ကွမ်ဟီးက အမျိုးသားလုံးခြုံရေးအတွက်ခိုင်ခိုင်မာမာ ရပ်တည် သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေးတိုးတက်မှုခေတ် သစ်ကို ဖော်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အ အုံရှေ့၌ လူ ၇၀၀၀၀ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သောပတ်ကွမ်ဟီးက မြောက်ကိုရီးယား ကို နျူကလီးယား ရည်မှန်းချက် ချက်ချင်းစွန့် လွှတ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည်
ချိတ်ဆက်ရန် တောင်းဆိုခဲ့သည်။

ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပတ်ကွမ်ဟီးက ကျမ်းသစ္စာကျိန်ဆိုပွဲ တွင် မြောက်ကို ရီးယား၏ နျူကလီးယား စမ်းသပ်မှုသည် ကိုရီးယားပြည်သူများ ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆိုးရွားနေသော လုံခြုံရေး အခြေအနေကို ဖြေရှင်းရန် အတွက် ယုံကြည်မှု တည်ဆောက်ရေး လိုအပ်ကြောင်း ပတ်က ပြောကြားခဲ့သည်။
အသက် ၆၁ နှစ်အရွယ်ရှိ ပတ်ကွမ်ဟီးသည် ၅ နှစ်သက်တမ်းပြည့်၍ ရာထူးမှ ဆင်းသွားခဲ့သော အာဏာရပါတီ ဆေနူရီမှ သမ္မတလီမြောင်ဘတ်ကို ဆက်ခံပြီး တောင်ကိုရီးယားအတွက် ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာခဲ့သည်။ တောင်ကိုရီးယားကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ခေါင်းဆောင် ပတ်ချုံဟီး၏ သမီးဖြစ်သူ ပတ်သည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှု မြင့် တက်နေချိန်တွင် သမ္မတဖြစ်လာသူဖြစ်သည်။ နှစ်နာရီခွဲ ကြာမြင့်ခဲ့သော ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပတ်မရောက်လာမီ ကိုရီးယားအဆိုကျော် PSY က သူ၏နာမည်ကျော် ဂန်းနမ်စတိုင် သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။
ဓာတ်ပုံ - ပက်ကွမ်ဟီး ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ရုပ်မြင်သံကြားမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံ သားများ ကြည့်ရှုနေစဉ်
Eleven Media Group
No comments:
Post a Comment