Monday, February 25, 2013

မန်းရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ပြောင်းရွှေ့ခဲ့မှုအပေါ်ကျောင်းသားများ ရှင်းလင်း

Monday, February 25, 2013
မန္တလေးမြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကိုစစ်ကိုင်း တိုင်းဒေသကြီးရှိ ရွာသစ်ကြီးတိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်သို့ နိုင်ငံတော်အစိုးရက ပြောင်းရွှေ့ခဲ့မှု အပေါ်၎င်းကျောင်း မှကျောင်းသားများနှင့် ၈၈မျိုး ဆက်ကျောင်းသားများ ပူးတွဲ၍ စာနယ်ဇင်းရှင်း လင်းပွဲကို ယနေ့ နံနက် ၁၁း၀၀ နာရီတွင်သင်္ဃန်း ကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်ကျောင်းသား များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ကျင်းပခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများကသတင်း ထုတ်ပြန်သည်။



ရှင်းလင်းပွဲတွင် ၈၈မျိုးဆက်မှ မင်းကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး ကိုကိုကြီးကကျောင်း ပြောင်းရွှေ့ ခြင်းနှင့် ပါတ်သက်၍ ၈၈မျိုးဆက်များ၏ သဘောထားအမြင်ကိုပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ မင်းသူအောင်က၄င်းတို့ကော်မတီ၏ သဘော ထားကြေညာချက်ကို ဖတ်ကြားကာမန္တလေး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းမှ ကျောင်းသားများက၄င်းတို့ ကျောင်းပြောင်းရွှေ့ခံရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်ပြောကြားကြောင်းသိရသည်။

Popular Myanmar News Journal

No comments: