Monday, February 25, 2013

အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တက်ရောက်

Monday, February 25, 2013
(၃၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာ ခံအား ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော် ထွန်းဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့(၁၅)ဦး တက်ရောက် ခဲ့ကြောင်းမြန်မာ နိင်ငံရဲတပ်ဖွဲ့မှ သိရ သည်။ (၃၃)ကြိမ်မြောက်အာ ဆီယံရဲအဖွဲ့ ရဲချုပ် များညီလာခံသို့ မြန်မာနိုင်ငံအပါ အဝင်အာဆီယံ နိုင်ငံများမှ ရဲချုပ်(၇)ဦးနှင့် မလေးရှား၊ အင်ဒိုနီးရှားနှ င့် ဘရူနိုင်း နိုင်ငံတို့မှ ဒုတိယရဲချုပ်(၃)ဦး တက်ရောက်ခဲ့သည်။



၎င်းအပြင် ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်၊ကိုရီးယား၊တရုတ်နှင့် ဂျပန်တို့မှ ရဲချုပ်(၃)ဦးနှင့် ဒုတိယရဲချုပ်(၂)ဦး တက်ရောက်ခဲ့ပြီးအင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Ronald K. Noble နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးဉာဏ်လင်းတို့အပါအဝင်ကိုယ်စားလှယ် စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်သည့် မူးယစ်ဆေးဝါးမှု၊အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်းလိမ်လည်မှု၊ စီးပွားရေးပြစ်မှု၊ ဘဏ်နှင့်အကြွေး ကဒ်များ လိမ်လည်မှု၊ ကွန်ပျူတာမှုခင်း၊ ခရီးသွားအထောက်အထားစာရွက်စာတမ်းအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော်လိမ်လည်မှု များကို ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြောင်းသိရ သည်။

လက်ရှိအိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ အာဆီယံရဲချုပ်များညီလာခံ၏ ဥက္ကဌတာဝန် အား၂၀၁၄ခုနှစ် မေလအထိ ဆောင်ရွက်သွားရမည်ဖြစ်ပြီး (၃၄)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံကိုဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ကျင်းပရန် ပြင်ဆင်ထားရှိကြောင်း သိရသည်။

Popular Myanmar News Journal

No comments: