Thursday, February 07, 2013

ဟက်ကာဆိုတာ အဖျက်သမားလား

Thursday, 07 February 2013
ပြီးခဲ့တဲ့ ရက်တွေက နိုင်ငံတော်သမ္မတရုံး ဝက်ဘ် ဆိုက်အပါအဝင် သတင်း ထုတ်ပြန်ပေးနေတဲ့ သတင်း ဌာနတော်တော် များများရဲ့ စာမျက်နှာတွေ
တိုက်ခိုက်ခံခဲ့ရပါတယ်။နိုင်ငံတော် သမ္မတရုံးက ဦးမှူးဇော်ရဲ့ facebook စာမျက်နှာမှာတော့ DDoS နဲ့အတိုက်ခိုက်ခံရတယ်လို့ ဖော်ပြထားပါတယ်။



DDoS ဆိုတာကတော့ ဝက်ဘ်ဆိုက်တခု(သို့)နက်ဝပ်တခုကို requestတွေအများကြီးပို့ပြီး user တွေအများကြီး ဝင်သုံးသလိုနဲ့ ဝက်ဘ်ဆိုက်(သို့)နက်ဝပ်တခုကို နှေးကွေးလေးလံသွားအောင်ပြုလုပ်တာပါ။ တနည်း အားဖြင့် ပြောရရင် ပုံမှန်ဝင်ဖတ်သူတွေ ဖတ်လို့မရအောင် အဖျက်သက်သက်လုပ် တာသာဖြစ်ပါတယ် ။ပြီးတော့ အများပြည်သူအတွက် သတင်းထုတ်ပြန်ပေးနေတဲ့ နေရာတွေကို တိုက်ခိုက်တယ်ဆိုတော့ ဒါဟာ အဖျက်လုပ်ရပ်သက်သက်ပါပဲ။

ဟက်ကာ ( hacker ) ကိုဒီလို အဓိပ္ပါယ်ဖွင့်ပါတယ်။သူတပါးရဲ့ ကွန်ပြူတာစစ်စတမ် (သို့) ကွန်ပြူတာနက်ဝပ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ သတင်းအချက်အလက်ရယူသူ တဲ့။

WikiLeaks ကိုစတင်တည်ထောင်ခဲ့တဲ့ ဟက်ကာ ဂျူလီယံအက်ဆန်းဂ်ျ ဆိုရင် အများတကာက လေး စားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်တဲ့သတင်းအချက်အလက်တွေကို အများပြည်သူသိနိုင်အောင် တင်ပြပေးခဲ့လို့ပါ။အက်ဆန်းဂ်ျဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ယုံကြည်သူတ ဦးလဲဖြစ်ပါတယ်။

အက်ဆန်းဂ်ျကို ဒီဇင်ဘာ ၂၀၁၀ ကတည်းက ဥရောပမှာ ဖမ်းဖို့ ဝရမ်းထုတ်ထားတာဖြစ်ပါတယ်။၂၀၁၂ ဂျွန်လအတွင်း မှာတော့ သူ့ရဲ့ နောက်ဆုံးအယူခံ အဂ်လန်မှာ ပယ်ချခံရပြီးတဲ့နောက် သူဟာ အီကွေဒေါသံရုံး အတွင်းမှာသာ ခိုလှုံခွင့်တောင်းပြီး ယနေ့အထိနေထိုင်လျက်ရှိပါတော့တယ်။သူ အီကွေဒေါ သံရုံးအပြင် ကို ခြေတလှမ်း လှမ်းတာနဲ့ အဖမ်းခံရမှာပါပဲ။

ဒီနေ့တွေ့နေရတဲ့ ဟက်ကာတွေကတော့ အဖျက်အစီးသက်သက် လိုဖြစ်နေပါတယ်။ငါလုပ်နိုင်တယ် ငါလုပ်ပြလိုက် တယ်ဆိုတဲ့ အဆင့်အပြင်မပိုပါဘူး။

သူတပါးရဲ့သတင်းအချက်အလက်ကို ရယူတယ်ဆိုတာ ကျင့်ဝတ်နဲ့တော့ မညီပါဘူး။ဒါပေမယ့် အက်ဆန်းဂ်ျ လိုမျိုး ကောင်းတဲ့ဖက်က ကောင်းသော အကြံအစည်နဲ့လုပ်ခဲ့ တယ်ဆိုရင်တော့ လက်ခုပ်တီးပေးရမှာပါ။ အခုလိုမျိုး အဖျက်အမှောင့်သက်သက်ဆိုရင်တော့ ဘယ်လိုမှအားမပေးနိုင်တဲ့ လုပ်ရပ်ပါပဲ။

Myit Makha Mediagroup

No comments: