Thursday, February 07, 2013

“ ရုပ်သံ အဝေးသင် ပညာရေးအစီအစဉ် ပြန်ပြင်မည်”

Thursday, 07 February 2013
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ရုပ်မြင်သံကြားမှတစ်ဆင့် သင်ကြားပေးနေသော အဝေးသင် ပညာရေး အစီ အစဉ်ကို ပြုပြင်ပြောင်း လဲမှု ပြုလုပ် မည်ဟု အဆင့်မြင့် ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ ”ကင်မရာအပါအဝင် စက် ပစ္စည်းတွေကို ဘက်စုံထောင့်စုံ လုပ်ပေးနေပါပြီ။ အရင်က စနစ်နဲ့ မဟုတ်ဘဲ ပိုပြီးကောင်းမွန်တဲ့ ပုံစံ နဲ့ သွားချင်လို့ပါ။ အရင်ကတော့ ကင်မရာက တစ်လုံးပဲ ရှိတော့၊ ရှိ သလိုပဲလုပ်ခဲ့ရတယ်”ဟု ၄င်းက ပြော သည်။ဆရာကပြော၍ကျောင်းသားကပါဝင်ဆွေးနွေး ခွင့်နှင့် တင်ပြခွင့်တို့ ပါဝင်သော အစီအစဉ်တစ် ရပ်ဖြင့်လုပ်ဆောင်မည်ဖြစ်ကြောင်း လည်း ညွှန် ကြားရေးမှူးချုပ်က ဆက်ပြောသည်။၁၉၉၂ ခုနှစ် ဇူလိုင်လ ၉ ရက် နေ့တွင် စတင်တည်ထောင်ခဲ့သော အဝေးသင်တက္ကသိုလ်မှာ ယခုအချိန်အထိကျောင်းသား၊ ကျောင်းသူ တစ်သန်းကျော် မွေးထုတ်ပေး ခဲ့သော်လည်း အရည်အချင်းမပြည့်ဝဟု ဝေဖန်မှုများ ထွက်ပေါ်လာချိန်တွင်ပညာရေးဝန်ကြီးဌာန မှ ပြုပြင်ပြောင်း လဲမှု ပြုလုပ်ခြင်းလည်း ဖြစ် နိုင်ကြောင်းမြန်မာ့ပညာရေး လေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုသည်။



ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ”ကျောင်းသားတွေ စိတ်ဝင်စားစေမယ့် ရုပ်မြင်သံကြား သင်ကြားနည်းစနစ်နဲ့ လုပ်ဖို့ကို ကွင်းဆင်းတာ တွေနဲ့၊ရိုက်ကူးရေးလုပ်ဖို့ ဇာတ်ညွှန်း ရေးဆွဲ တာတွေလည်း လုပ်နေပါပြီ”ဟု ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ ထုတ်လွှင့်ချိန် ၁၅ မိနစ်ယူကာ နေ့စဉ် ညနေ ၅ နာရီတွင် ထုတ်လွှင့်နေသော်လည်း အဝေးသင် ကျောင်းသားများ ကြည့်ရှုသူ နည်းပါး နေသည်ဟု သိရသည်။

ပါမောက္ခချုပ်ဒေါက်တာလှတင့် က ”ကျွန်တော်တို့အခု ဆန်းစစ်နေပါတယ်။ ဒါကြောင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမတွေအပြင် ပြင်ပ ပညာရှင်တွေ ကိုပါ ကျွန်တော် တို့ရဲ့ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့် သင်ပြမှုတွေမှာ ထည့်သွင်းသင်ကြားပေးနိုင်ဖို့ လုပ်ထားပါတယ်။ ရုပ်မြင်သံကြားမှာသာ မဟုတ်ဘဲ Skye Net ရဲ့ ပညာရေး လိုင်းမှာ ထည့်သွင်းထုတ်လွှင့်သွား ဖို့လည်း ညှိနှိုင်းနေပါတယ်”ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာ သင်ကြားနည်းစနစ်တို့ကို အဆင့်မြှင့်ခြင်း၊ ပြုပြင်ပြောင်း လဲခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်သွားမည် ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထပ်လောင်းဆိုသည်။

Popular Myanmar News Journal

No comments: