Thursday, 07 February 2013
မြန်မာအစိုးရ အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်သည့် ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ်ဖြစ်လာနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်ဦးက ဖေဖော်ဝါရီလ ၅ ရက် က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများအား ဖိတ်ကြားပြီး နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာမင်းဇော်ဦးက ''ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ လာမယ့် ပြည်ထောင်စုနေ့ကို KIO အနေနဲ့ တက်ရောက်ဖို့ နိုင်ငံတော် သမ္မတကြီးက ဖိတ်ကြားခဲ့ပါတယ်။လက်ရှိအပစ်အခတ်ရပ်စဲရေးလုပ် ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် KIO အဖွဲ့ကိုလည်း ဖိတ်ထားပါတယ်။ အဓိကကတော့ သမ္မတကြီးက
ပြည်ထောင်စုနေ့ အခမ်းအနားကို ဟန်ပြမဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေရဲ့
အရေးကိုအလေး ထားပြီးတိုင်းရင်းသား အဖွဲ့အစည်းတွေကို ဖိတ်တဲ့သဘောပါ။ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်း သားအားလုံး ပါဝင်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ် ဖြစ်လာနိုင်ပါတယ် လို့ ပြောလို့ရပါ တယ်'' ဟု ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းဆွေးနွေးပွဲသည် ကချင်ပြည်နယ်အ တွင်း ဖြစ် ပွားနေသည့် စစ်ပွဲများ အပြီးတိုင် ရပ်ပစ်နိုင်ရေးအတွက် ရောင်နီသန်းလာပြီဖြစ်ကြောင်းဒေါက်တာ မင်းဇော်ဦးက ပြောကြားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့သည် ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာရေး အတွက် ဖေဖော်ဝါရီလ မကုန်မီ ဆွေးနွေးမှု ထပ်မံပြု လုပ်သွား မည်ဖြစ်ပြီး ရှေ့ဖြစ်ပေါ်လာမည့်ဆွေးနွေးမှုများတွင် စစ်ဘက်ရေးရာမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''သမ္မတကြီးအနေနဲ့ လက်ရှိအစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ဟန်ပြမဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ dialogue ကို အခြေခံပြီးသွားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တယ်။ ကျွန်တော်တို့ အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အတူလက်တွဲပြီး ပြည်တွင်းစစ်ငြိမ်းအောင် တိုင်းရင်း သားပြဿနာတွေကိုစားပွဲ ပေါ်မှာပဲ ဖြေရှင်းရေးဖြစ်ပေါ်လာအောင် မျော်လင့်နေပါတယ်'' ဟု ဒေါက်တာ မင်းဇော်ဦးက ဆက်လက်ပြောကြားခဲ့ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အကြားနိုင်ငံရေး ကြိုဆွေးနွေးပွဲ များ ဖေဖော် ၀ါရီလအတွင်း ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အား အစိုးရအဖွဲ့မှ ကမ်းလှမ်း ထားကြောင်း သိရသည်။
eleven media group
မြန်မာအစိုးရ အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်သည့် ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ်ဖြစ်လာနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်ဦးက ဖေဖော်ဝါရီလ ၅ ရက် က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ
ဒေါက်တာမင်းဇော်ဦးက ''ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ လာမယ့် ပြည်ထောင်စုနေ့ကို KIO အနေနဲ့ တက်ရောက်ဖို့ နိုင်ငံတော် သမ္မတကြီးက ဖိတ်ကြားခဲ့ပါတယ်။လက်ရှိအပစ်အခတ်ရပ်စဲရေးလုပ်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းဆွေးနွေးပွဲသည် ကချင်ပြည်နယ်အ တွင်း ဖြစ် ပွားနေသည့် စစ်ပွဲများ အပြီးတိုင် ရပ်ပစ်နိုင်ရေးအတွက် ရောင်နီသန်းလာပြီဖြစ်ကြောင်းဒေါက်တာ မင်းဇော်ဦးက ပြောကြားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့သည် ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာရေး အတွက် ဖေဖော်ဝါရီလ မကုန်မီ ဆွေးနွေးမှု ထပ်မံပြု လုပ်သွား မည်ဖြစ်ပြီး ရှေ့ဖြစ်ပေါ်လာမည့်ဆွေးနွေးမှုများတွင် စစ်ဘက်ရေးရာမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''သမ္မတကြီးအနေနဲ့ လက်ရှိအစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ဟန်ပြမဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ dialogue ကို အခြေခံပြီးသွားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တယ်။ ကျွန်တော်တို့ အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အတူလက်တွဲပြီး ပြည်တွင်းစစ်ငြိမ်းအောင် တိုင်းရင်း သားပြဿနာတွေကိုစားပွဲ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အကြားနိုင်ငံရေး ကြိုဆွေးနွေးပွဲ များ ဖေဖော် ၀ါရီလအတွင်း ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးမ
eleven media group
No comments:
Post a Comment