Monday, February 18, 2013

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်သို့ပြန်ချင်နေ

Monday, 18 February 2013
မကြာသေးမီကဖြစ်ပွာခဲ့ သော တပ်မတော်အစိုး ရနှင့်KIA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခ သည်စခန်းများသို့ရောက်ရှိ လာခဲ့သော သူများသည် မိမိ တို့နေရပ်များဆီပြန်ချင်နေကြောင်း သိရသည်။ ယင်းကဲ့သို့ဒုက္ခသည်များ အိမ်မပြန်နိုင်သေးခြင်းများ အပေါ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်း ချမ်းရေးဖော်ဆောင်ရေး အဖွဲ့ မှ ဒေါက်တာ မင်းဇော် ဦး ကပြောကြားသည်။



“အခု အပစ်အခတ်ရပ်ဆဲ ထားတာမျိုးတွေလုပ်နေတယ်။ ငြိမ်းချမ်းရေးအတွက် လူကြီးတွေ က အပေါ် မှာတော့ လက်ဆွဲနှုတ် ဆက်နေကျ၊လက်မှတ်ထိုးနေကျပြီး အောက်ခြေမှာရှိတဲ့လူတွေကတော့ သူတို့အိမ် လည်း မပြန်နိုင်ဘူး။တ ချို့တွေက အိမ်တော့ပြန်ချင်တယ်။ ဒါပေမယ့် နေဖို့ထိုင်ဖို့စားဖို့မရှိရင် ငြိမ်းချမ်းရေး လုပ်ပေမဲ့ သူတို့ အတွက်ဘာမှမထူးဘူး။တစ်ဖက် ကငြိမ်းချမ်းရေးလုပ်နေတယ်။ နောက်ထပ် လူထုအတွက် လည်း လိုအပ်တဲ့ဖွံ့ဖြိုးမှုတွေကို တိုးတက်မှုတွေကိုထပ်လုပ်ပေးဖို့လည်း လို အပ်တယ်””ဟုပြောကြားကြားခဲ့ သည်။

ယင်းနှင့်ပတ်သက်၍ KIA ဘက်မှတာဝန်ရှိသူတစ်ဦးကပြောကြားရာတွင်လည်း ““ဒုက္ခသည် တွေအိမ်ပြန်ဖို့ က အစိုးရ တပ်တွေကို နောက်ဆုတ်ပေးဖို့ လိုပါတယ်။ သူတို့ဘက်က ထိုးစစ် မဆင်ဘူးလို့ပြောတယ်။ အခု
တပ်စွဲ ထားတဲ့နေရာကိုကြည့်ရင်သိနိုင်ပါတယ်။ သူတို့ဘက်ကနောက်ဆုတ် ပေးတယ်ဆိုရင် ဒုက္ခသည်တွေ အိမ်ပြန်နိုင်ပါတယ်””ဟုပြောကြားသည်။

မြန်မာနိုင်ငံလူ အခွင့်အရေး ဆိုင်ရာ သောမတ်အိုဟေးကင် တားနားကလည်း ““အပစ်အခတ် ရပ် စဲရေး ဆွေးနွေးပွဲတွေရဲ့တိုး တက်မှုတွေကိုကျေနပ်ပါတယ်။ ဒီထက်ပိုပြီး ကောင်းမွန်လာမယ်လို့မျှော်လင့်ပါ
တယ်””ဟုပြောကြား ခဲ့သည်။

ဖြိုးအောင်
ွှThe Hot News

No comments: