Monday, February 18, 2013

“Full HD Screen စမတ်ဖုန်းသစ် LG စတင်မိတ်ဆက်”

Monday, 18 February 2013
LG ကုမ္ပဏီသည် Full HD Screen စမတ်ဖုန်း အမျိုးအစားသစ် တစ်ခုကို တောင်ကိုရီးယား တွင် စတင် မိတ်ဆက် ပွဲထုတ်လာခဲ့ပြီ ဖြစ်သည်။ LG အနေဖြင့် တနင်္လာနေ့က ၎င်း၏ စမတ်ဖုန်း အမျိုး အစားသစ်ကို ပြသခဲ့ပြီး Screenတွင် အသုံးပြုထား သည့် ရုပ်ထွက် အရည်အသွေးသည် Full HDအဆင့် ရှိကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင် အဆိုပါ ဖုန်းကို ယခု သီတင်းပတ်အတွင်း စတင်ရောင်း ချရန် စီစဉ်ထားပြီး ဂျပန်တွင်မူ ဧပြီလ မှ ရောင်းချသွားရန် စီစဉ်ထားသည်။ Optimus G Pro အမျိုးအစား စမတ်ဖုန်းသည် Screen အရွယ်အစား (၅.၅)လက်မ ရှိပြီး pixelပေါင်း (၂)သန်းကျော်ဖြင့် ပုံရိပ် ဖော်မည် ဖြစ်သည်။

Planet Myanmar Network

No comments: