Thursday, February 21, 2013

တောင်ကိုရီးယားက စစ်အင်အားပြရန် ရေတပ်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်

Wednesday, February 20, 2013
တောင်ကိုရီးယားနိုင်ငံက ၎င်း၏ စစ်အင်အား ကို ပြ သရန်အတွက် အမေရိကန် ကင်းထောက်လေ ယာဉ်များ ပါဝင်သည့် ရေတပ်စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အရှေ့ ပင်လယ်၌ စတင်ခဲ့သည်။ မြောက်ကိုရီး ယားက တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ် မှု ပြုလုပ်ခဲ့ပြီးနောက် ကိုရီးယား ကျွန်း ဆွယ်၌ တင်းမာ မှုများ မြင့်တက်ချိန် လာချိန် တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



ခြောက်ရက်ကြာ ပြုလုပ်မည့် စစ်ရေးပြမှု၏ ပထမနေ့တွင် တောင်ကိုရီးယားစစ်သင်္ဘော များ၊ ရေငုပ် သင်္ဘောများနှင့် အမေရိကန်မှ ကင်းထောက်လေယာဉ်များ ပါဝင်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယား ဒုံးကျည်များနှင့် ရေငုပ်သင်္ဘောများကို ထောက်လှမ်း မည့် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟုတောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

''ကျွန်တော်တို့ ရန်သူရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့နဲ့ ကျွန်တော်တို့ရဲ့ အနေအထား အသင့်ဖြစ်မဖြစ် ကို စမ်းသပ်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခဲ့တာပါ''ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦး က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ယခုလအစောပိုင်းကလည်းတောင်ကိုရီးယား အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ပူးတွဲရေကြောင်းစစ်ရေး လေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

မြောက်ကိုရီးယားက တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီး ယားက မိမိတို့၏ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်သည့် အကွာအဝေးကို တိုးချဲ့မည်ဟု ပြောကြား ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ် ဒုံးကျည် သစ်တစ်မျိုးကို ပြသခဲ့သည်။

''စမ်းသပ်အောင်မြင်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ကိုယ့်ကိုယ်ကို ချီးကျူးဂုဏ်ပြုခဲ့ပေ မယ့် နျူက လီးယားစွမ်းအင် (ဒါမှမဟုတ်) ဒုံးကျည်တွေက သူတို့ကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး'' ဟု ရာထူးလွှဲပြောင်းပေးရတော့မည့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်က နှုတ်ဆက်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Ref:AFP
Eleven Media Group

No comments: