Friday, February 08, 2013
ကချင်ပြည်နယ် အတွင်းသို့ နိုင်ငံတကာ အကူအ ညီပေးရေး အဖွဲ့များအား ဝင်ရောက် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန မှ သိရသည်။ နှစ်ဖက်တပ်များ၏တာဝန်ယူ ပေးမှုနှင့် အတူ ဝင်ရောက်ခွင့်ကို နိုင်ငံတော် သမ္မတမှ ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မြစ်ကြီးနားရှိ ကယ် ဆယ်ရေးစခန်းများ သို့ ရောက်ရှိစဉ် သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သမ္မတရုံး ဝန်ကြီးဌာန(၃)မှ တာ ဝန်ရှိသူက “ ခွင့်ပြုမိန့် ကို စာနဲ့မထုတ်ပြန်သေးပေမယ့် မှန်ပါ တယ်” ဟု အတည်ပြုသည်။သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ဇန်နဝါရီ ၂၇ ရက်နေ့က ငြိမ်း ချမ်းရေးစင်တာ ၌ တွေ့ဆုံစဉ် ငွေထုပ် ပိုက်ကာစောင့်နေကြသော နိုင်ငံ တကာ အင်န်ဂျီအို အဖွဲ့အစည်းများ များစွာရှိနေကြောင်း ပြောကြားဖူး သည်။“ ဘယ်နေရာက လုပ်ပေးရမလဲ ဆိုတဲ့သူတွေ တော်တော်များနေပါ တယ်။ ငြိမ်းချမ်းရေး ရပြီဆိုတာနဲ့ စပြီးလှုပ်ရှားကြဖို့ မနည်းတောင် တားနေရတယ်။ အဲဒီလောက်အထိ လုပ် ပေးချင်ေ နကြတယ်”ဟု ၄င်းကပြော သည်။
ကချင်ပြည်နယ်အတွင်း နှစ်ဖက် ပဋိပက္ခကြောင့် နေအိမ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက် ရှိနေမှုမှာ လူဦးရေ ၈၈ဝဝဝ ကျော် ရှိနေသည်ဟု ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာအေဂျင်စီက ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ထားသည်။
မြစ်ကြီးနားရှိ ဒုက္ခသည်စခန်း ရောက်နေသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ အိမ်ကိုသာ ပြန်ချင် ပါ ကြောင်း ” ပြောသည်။
လက်ရှိတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းတို့က ကူညီမှုပြုပေးနေသော် လည်း လိုအပ်ချက်များ ရှိနေ သေးကြောင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းတို့ကို ပါဝင်စေလိုကြောင်း အဖြူရောင်တွဲလက်များအဖွဲ့က သုံး သပ်သည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လုံခြုံရေးအရ အစိုးရက ဝင်ရောက်ခွင့်မပြုခဲ့ပေ။
သမ္မတရုံးဝန်ကြီးဌာန ဦးအောင် မင်းက မငြိမ်းချမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်သူ ၁ သိန်း၊ စစ် ကြောင့် နေအိမ်စွန့်ခွာသူ
၎ ဒသမ ၆ သိန်း၊ ဒုက္ခသည် စခန်း ရောက်နေ သူ ၃ ဒသမ ၅ သိန်းနှင့် မငြိမ်းချမ်းမှု ကြောင့် ရွှေ့ပြောင်းေ နထိုင်ကြသူ သိန်း ၂ဝ ရှိသည်ဟု
ပြောသည်။
PN-051
Popular Myanmar News Journal

No comments:
Post a Comment