အော်စလို။
နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို
လက်ခံရယူဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ဟာ
နော်ဝေနိုင်ငံကို ရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အော်စလိုက ထရွန်ဟုမ်းမြို့တော်ခန်းမမှာ
The Role of students in Burma’s development ဆိုတဲ့ ``မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်
ကျောင်းသားများ၏အခန်းကဏ္ဍ`` ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ဟောပြောခဲ့ချိန်မှာ အင်္ဂလိပ်စာတစ်လုံးခြင်းအား
ထစ်အ-ထစ်အဖြင့် စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှုကြောင့် ဟောပြောပွဲတက်ရောက်သူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ
အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရပါတယ်။
ဟောပြောပွဲကို
တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ``မင်းကိုနိုင်အနေဖြင့် ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာ
အားနည်းမှန်းသိရင်. အင်္ဂလိပ်လို မပြောသင့်ကြောင်း၊ မြန်မာလိုပြောပြီး စကားပြန်နဲ့ ပြောဆိုသင့်ကြောင်း``
ပြောကြားခဲ့ပြီး အခုတော့ ၈၈ ကျောင်းသားများကိုယ်စား နိုင်ငံတကာမှာ အရှက်ကွဲခဲ့ရတယ်လို့
ဝေဖန်သွားပါတယ်။ နောက်ပြီး ဆွေးနွေးပွဲတက်ရောက်လာတဲ့ သူတွေက သိလိုတာတွေ ပြန်လည်မေးမြန်းရာမှာ
ဘာမှနားမလည်ဘဲ . ဘာမှ-ပြန်မဖြေနိုင်တဲ့အတွက် တော်တော်အရုပ်ဆိုး အကျည်းတန်ဖြစ်ခဲ့ရတယ်လို့
သိရပါတယ်။
ဒေါ်ဆောင်ဆန်းစုကြည်ကတော့
နိုင်ငံတကာ ဆုလက်ခံပွဲတွေနဲ့ တွေ့ဆုံဟောပြောပွဲတွေမှာ အင်္ဂလိပ်လို ကောင်းမွန်စွာပြောဆိုနိုင်တဲ့အတွက်
နိုင်ငံတကာက အားပေးချီးမြှောက်မှုတွေ၊ အထင်ကြီးမှုတွေရရှိခဲ့တာဖြစ်ပြီး၊ မင်းကိုနိုင်လုပ်ရပ်အတွက်တော့
နိုင်ငံတကာကနေ ၈၈ ကျောင်းသား ဟောင်းတွေကို အထင်သေးခံရမှုတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်လို့
အဆိုပါကျောင်းသားမှ ဆက်လက်ပြောကြားသွားပါတယ်။
No comments:
Post a Comment