Thursday, 21 February 2013
သမီးဖြစ်သူ၏ ရမှတ်အပေါ် စိတ်မကျေနပ် သဖြင့် ကျောင်းရှိကွန်ပျူတာ အတွင်းသို့ ခိုးဖောက် ဝင်ရောက်ကာ အမှတ်များကို ပြင်ဆင်သည့်အမှု တစ်ခုအမေရိကန် အထက်တန်း ကျောင်းတစ်ေ ကျာင်း တွင် ဖြစ်ပွားခဲ့သည်။ အသက် ၄၅ နှစ် အရွယ်ရှိ ကက်သရင်း ဗီနက်စ်တိုဆိုသူ ကလေးနှစ်ေ ယာက်မိခင်သည် သမီးဖြစ် သူ၏ ရမှတ် အပေါ်တွင် မကျေနပ်သဖြင့် ထိုသို့ပြုလုပ်ခြင်းဖြစ် သည်ဟုဆို သည်။ ထို့ပြင် ကက်သရင်းသည် သားဖြစ်သူ ရရှိသည့် စာမေးပွဲရမှတ် ၉၈ ရာခိုင်နှုန်းကိုလည်း ၉၉ ရာခိုင်နှုန်းသို့ ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း၊ သူမသည် ထိုသို့ အမှတ်များကို ကျောင်းကွန်ပျူတာ အတွင်း ခိုးဖောက်ဝင်ရောက်ကာပြင်ဆင်မှုမျိုး အကြိမ် ၁၀၀ ခန့် ပြုလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက
ပြောကြားခဲ့သည်။ ကက်သရင်းသည် ယခင်က ကျောင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူး သဖြင့် ကျောင်းအုပ်ချုပ်ရေးပိုင်းက ကိုင်တွယ်ရသည့် Password များကို သိနေကြောင်း၊ ထို့ကြောင့် ကျောင်း မှကွန်ပျူတာကို အိမ်မှတစ်ဆင့် ကွန်ရက်အတွင်းဝင်ရောက်ပြီး ထိုသို့ အဆင့်များ အမှတ်များကို ပြင်ဆင်မှု များ လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
maukkha

No comments:
Post a Comment