Tuesday, February 19, 2013
မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးကမ္ဘာလှည့် ခရီးသွား နယ်မြေ ပုဂံမှာယခုဖေဖော်ဝါရီလ အတွင်း ကမ္ဘာ လှည့် ခရီးသည်သုံးဦး တိုက်ခိုက်လုယက်ခံရတယ် လို့ ဧည့်လမ်းညွန်တွေ ကပြောပါတယ်။ ဖေဖော်ဝါရီ လ ၁၆ရက်နေ့မှာ ပုဂံနဲ့ ညောင်ဦးအကြားက လမ်းမဟောင်းပေါ်မှာ အင်္ဂလိပ်အမျိုးသမီးနှစ်ဦးကို
အသက် ၂၀အရွယ်အမျိုးသားနှစ်ဦးကလုယက်ခဲ့ပြီး
သူတို့ ရဲ့ ငွေတွေ တယ်လီဖုံးတွေကို ယူဆောင်သွားခဲ့ ပါတယ်။
ထို့ အတူဖေဖော်ဝါရီ ၁၄ရက်နေ့ကလည်း အလိုတော်ပြည့် ဘုရားနားမှာ ဆည်းဆာနေ၀င်ချိန်ကို ကြည့်နေတဲ့ တရုတ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကိုလည်း လူငယ်တဦးက လုယက်ပြီး ငွေတယ် လီဖုန်းနဲ့  နိုင်ငံကူးလတ်မှတ်တွေကိုပါ ယူသွားတယ်လို့ သိရပါတယ်။
၂၀၁၁ခုနှစ်ကလည်းအဲဒိဒေသမှာ ဆိုင်ကယ်တက်စီသမားတဥိးကဂျပန်အမျိုးသမီးကမ္ဘာလှညိ့ တဥိးကို မတရားကျင့် ပြီးသတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့ ပါတယ်။
မြန်မာနိုငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုများပြားလာပေမယ့် ခရီးသွားတွေရဲ့ လုံခြုံရေးအစီအစဉ်တွေ ကတော့ ဘာမှ တိုးမြှင့်ဆောင်ရွက်ချင်းမရှိတာမို့  အခုလိုကိစ္စတွေ မပေါ်ပေါက်အောင် လုံခြုံရေး တိုးမြှင့်ေ ဆာင်ရွက်ဖို့ လိုအပ်နေကြောင်း ခရီးသွား ဧည့်လမ်းညွန်တွေကပြောပါတယ်။
Newselite

No comments:
Post a Comment