Tuesday, February 19, 2013

ကြမ်းတမ်းစွာ ပြောဆိုခဲ့ခြင်းအပေါ် ပလေးဘွိုင်းသန်းနိုင် တောင်းပန်

Tuesday, February 19, 2013
မြန်မာဂေါက်သီးရိုက်အသင်း ၉ မိုင်တွင် အဆိုတော် ပလေးဘွိုင်းသန်းနိုင်က ကြမ်းတမ်းစွာပြောဆိုမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းကို Captain ဦးစိုးဝင်းက ပြန်လည်ကျေအေးလိုက် သည်။ ဖေဖော် ဝါရီ ၁၆ ရက်နေ့က Captain's Cup အသင်း၏ ဥက္ကဋ္ဌ ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ညစာ စားပွဲတွင် ပလေးဘွိုင်းသန်းနိုင်နှင့် အဆိုတော် များ ဖြေဖျော်ရာ ပလေးဘွိုင်းသန်းနိုင်က ကြမ်းတမ်း စွာ ပြောဆိုခဲ့သည်ဟု ဆိုကာ Carry Master ကိုထွန်းထွန်းနိုင်က တရားလိုပြုလုပ်၍ မရမ်းကုန်း ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ကိုထွန်း ထွန်းနိုင်က ယင်းနေ့ ၌ မြန်မာဂေါက်သီးအသင်း ဥက္ကဋ္ဌ Captain ဦးစိုးဝင်းက သီချင်းသီဆိုရန်ပြောရာ၌ ပလေးဘွိုင်းသန်းနိုင်က ပြောဆိုခဲ့သည်ဟုဆိုကာ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။



အဆိုပါကိစ္စနှင့် \ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီတွင်ပြည်လမ်း ၉ မိုင်ရှိ မြန်မာဂေါက်သီးအသင်း၌ စာနယ် ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ပလေးဘွိုင်းသန်းနိုင်က မိမိသည် မှားယွင်းပြောဆိုမိကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ မြန်မာ ဂေါက်သီးအသင်းဥက္ကဋ္ဌ Captain ဦးစိုးဝင်းကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

''အမှုကိုတော့ ရဲစခန်းမှာ ကျေအေးဖို့ ပြောပြီးပါပြီ။ ဒါပေမဲ့ ရဲစခန်းက တရားရုံးရောက်မှ အမှုကို ကျေအေးလို့ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ဘယ်ရုံးပဲတင်တင် ကျေအေးပေး မှာပါ''ဟု တရားလိုအဖြစ် တိုင်ကြားသူ ကိုထွန်းထွန်းနိုင်က ပြောသည်။

ပလေးဘွိုင်းသန်းနိုင်အား ကို ထွန်းထွန်းနိုင်၏ တိုင်ကြားချက်ဖြင့် မရမ်းကုန်းရဲစခန်းမှ ကြမ်းတမ်း စွာ ပြောဆိုမှု ပ/၉၆- ၂ဝ၁၃၊ ပုဒ်မ ၂၉၄ ဖြင့် အမှုဖွင့်ခဲ့သည်။ ယင်းကဲ့ သို့ဂေါက်ကွင်း၌ ဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments: