Friday, February 08, 2013

ကျွဲနွားတို့၏ အသက်ကယ်ရန် ညှိနှိုင်း

Friday, February 8, 2013
ကျိုက်လတ်မြို“မြတ်စေတနာသံဃာအဖွဲ့မှဦးဆောင် ၍ မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာသာရေးအသင်း အဖွဲ့များ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် မြို့သူမြို့သားအပေါင်းတို့သည် ၂၆-၁-၂၀၁၃၊ နေ့ လယ် ၁နာရီအချိန်၌ တိလောကမာရဇိန်ဘုရားကြီး၊ သာသနာ့ဗိမာန်တော်အတွင်း၊ ဇီဝိတဒါန ကျွဲနွားတို့ ၏ အသက်ကယ်ရန် လေလံဆွဲရေးညှိနှိုင်းဆွေးနွေး
ခဲ့ကြသည်။ ဦးစွာ ဒက္ခိဏာရုံဒွါရစာသင်တိုက် ဆရာတော်က သြ၀ါဒစကား ဟောကြားရာ ““ကျွဲနွား တို့၏ အသားကိုစားခြင်းသည် မိဘ၏အသား ကိုစား သည်နှင့် ညီကြောင်း ဒါကြောင့် မိဘကျေးဇူးဆပ်သလို ကျွဲနွားများ၏ အသက်ကိုလည်း ကယ်တင်ကြရန်နှင့် ကိုယ်တိုင်ပြုမှ ပါဏာတိပါတကံ ထိုက်သည်မဟုတ်၊ တိုက်တွန်းလျှင်လည်း ကံ ထိုက်ကြောင်း””ဟောကြား ခဲ့သည်။



၎င်းနောက် ရှမ်းကျောင်း ကျောင်းတိုက်၊ ဆရာတော်မှလည်း ““ဖျာပုံခရိုင် ၄မြိ့နယ်အတွင်း ဓမ္မပါလ (တရားစောင့်တဲ့) ဘုန်းကြီးတို့ ကျိုက်လတ်တစ်မြို့ပဲ ဇီဝိတ ဒါနအနေနဲ့ ကျန်တော့တာပါ။ ကျွဲနွားတို့၏ အသက်ကိုကယ်ပါ”” ဟုတိုက်တွန်းခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျိုက်လတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ““ဆရာတော်များ၏ ရည်ရွယ်ချက်မှာ လည်း ကောင်းမွန်ကြောင်း၊ ၂၀၁၂-၂၀၁၃အတွက် ရုံးဒေါင့်နှင့် လှိုင်းတာကျေးရွာများ အပါ အ၀င်လေ လံကြေး သိန်း ၂၃၀ ဖြစ်ကြောင်း၊ ဒီအတွက် အဓိကမှာ ငွေကြေးပင်ဖြစ်ပြီး အားလုံးစည်းလုံးကြလျှင် ဆရာတော်များ၏ ဆန္ဒပြည့်ဝမှာဖြစ်ကြောင်းနှင့် ဖျာပုံခရိုင် ၄မြို့နယ်မှာ ကျိုက်လတ်တစ်မြို့တည်း ကျန်နေတာလည်း စိတ်မကောင်းစရာဖြစ်ပါတယ်”” ဟု ဆရာတော်များအား လျှောက်ထားခဲ့ပါသည်။

သားသတ်လိုင်စင်နှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ထပ်မံလျှောက်ထားရာ ““ကြေးနန်းစာအ ရ နေပြည်တော်ကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်းမှာ သားသတ်လိုင်စင်တွေကို လိုင်စင်အနေနဲ့မပေး ဘဲနဲ့ သက်ဆိုင်ရာမြို့ရွာ ဆရာဝန်၊ မြို့နယ် တိ/မွေးကုဆရာ ၀န်တွေရဲ့ ထောက်ခံမှုနဲ့သားသတ်ခွင့်ပေးပါမယ်၊ ပြီးရင်အခွန်ကောက်တဲ့စနစ်၊ လေလံပေးတဲ့စနစ်ဒီ ၂ ခုပေါ်မှာ အားသာချက်၊ အားနည်းချက် ဘယ်လိုလုပ်သင့်တယ်ဆိုတာ တိုင်း၊ ခရိုင်၊ ညွန်ကြားရေးမှူး၊ စည်ပင်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြံပြုချက် တောင်းပါတယ်ဘုရား၊ လေလံပစ်တဲ့လုပ်ငန်းကို လုပ်သင့်၊ မလုပ်သင့် သို့တည်းမဟုတ် သတ်မှတ်ချက်ကို နိုင်ငံတော်အခွန်လည်းမလျော့အောင် သတ်မှတ်တဲ့အခွန်အခနဲ့ပဲ လုပ်မလားဆိုတာကေ တာ့ ၀န်ကြီးချုပ်ရုံးတိုင်းဒေသကြီး အစိုးရရဲ့လမ်းညွန်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ဆရာတော်တို့ရဲ့ သ ဘောဆန္ဒကိုလည်း လွန်ဆန်နိုင်စရာအကြောင်းမရှိသလို အားလုံးအကြောင်းအေ ပါင်းသင့် လျှင် တာဝန်ရှိတဲ့ တပည့်တော်တို့ဘက်ကရော၊ စည်ပင်သာယာဘက်ကရော ရအောင်လုပ်ပေးပါ့ မယ်”” ဟု တင်ပြခဲ့သည်။

၎င်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဖျာပုံအဖွဲ့မှလည်းဒေးဒရဲနှင့် ဘိုကလေးတွင် သိန်း ၃၀၊ ၅၀နှင့်အဆင်ပြေသွားကြောင်း၊ ယခုနှစ်တွင်တော့ ဖျာပုံ ခရိုင် ၄မြို့နယ်ပေါင်း၍လုပ်ဆောင်သွားရန် ဆရာတော်များအား လျှောက်တင်ခဲ့သည်။

Myanmartandawsint Newspaper

No comments: