Monday, February 25, 2013

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမြသိန်း(ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွန်ကြားရေးမှူးချုပ် အငြိမ်းစား)ကို ခန့်အပ်ကြောင်း

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမြသိန်း(ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွန်ကြားရေး မှူးချုပ် အငြိမ်းစား)ကို ခန့်အပ်ကြောင်းယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့် အပ်လိုက်သည်။


အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အတွက် နိုင်ငံတော်သမ္မတမှ သုံးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့မှ သုံးဦးစီရွေးချယ်၍ ဖွဲ့စည်းခဲ့ပြီး ဦးမြသိန်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခန့်အပ်ခြင်းဖြစ် သည်။

အဖွဲ့ဝင် ကိုးဦးမှာ ဦးမြင့်ဝင်း၊ ဦးသန်းကျော်၊ ဒေါ်လှမျိုးနွယ် (နိုင်ငံတော်သမ္မတက ရွေးချယ်အမည် စာရင်းပေးပို့သော သုံးဦး)၊ ဦးတင်မြင့်၊ ဒေါ်ကျင်စန်း၊ ဦးမျိုးချစ် (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ် အမည်စာရင်းပေးပို့သော သုံးဦး)၊ ဦးမြသိန်း(ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ဦးမြင့်လွင်၊ ဦးမြသိန်း( ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူး) (ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)တို့ဖြစ်သည်။

7Day News Journal

No comments: