Monday, February 25, 2013

အမေရိကန်-မြန်မာ ကုန်သည်များအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အဖြစ် တွေ့ဆုံ

Monday, February 25, 2013
အမေရိကန်-မြန်မာ ကုန်သည်/စက်မှု အသင်းချုပ် တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေရိကန်မှ ရေနံကုမ္ပဏီများ ၊အခြား နာ မည်ကျော် ကုမ္ပဏီ များနှင့်မြန်မာနိင်ငံမှလုပ်ငန်းရှင် ၁ဝဝ ကျော် တို့ယနေ့နံနက်က UMFCCIတွင် တွေ့ ဆုံနေသည်ဟု ကုန်သည်/ စက်မှုအသင်းချုပ်မှ သိရသည်။ ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်း ကုန်လုပ် ငန်းရှင်တစ်ဦးက မြန်မာ့ စီးပွားရေးတိုးတက်စေမည့် ရလဒ် ကောင်းများ ထွက်ရှိလာနိုင်ကြောင်း သုံးသပ် သည်။ ''ဒါက စီးပွားရေးအင်အား ကြီးနိုင်ငံ တစ်နိုင်ငံက လာပြီး အသိ အမှတ်ပြုတဲ့ပွဲပါ။ ရိုး ရိုးတောင် မ ဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်ကြ မယ့်အထိ လုပ်တဲ့ပွဲဆိုတော့ သူ တို့ဆီကပဲလာလာ၊ ကိုယ်တွေနဲ့ပဲ ပူးပေါင်းပူးပေါင်း ကောင်းတာချည်း ပဲ''ဟု ၄င်းကဆိုသည်။

၁၉၈၈-၈၉ မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီး နောက် အမေရိကန်၏ လာရောက် ရင်းနှီးမြှုပ်နှံ မှုမှာ အနည်းငယ်ရှိခဲ့ ဖူးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ထံမှ သိရသည်။အမေရိကန်စီး ပွားရေး လုပ် ငန်းရှင်များ လာရောက်ရာတွင် အစားအသောက် ထုတ်လုပ်ရေး ကုမ္ပဏီKFC အပါအဝင် ကုမ္ပဏီ အချို့ကပါ နိုင်ငံတွင်းရင်းနှီးမြှုပ် နှံရန် လေ့လာသူများအဖြစ် ပါဝင်သည်ဟု သိရသည်။

PN-051
Popular Myanmar News Journal

No comments: