Monday, February 25, 2013
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်းစား ပြည်ထောင်စု တရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ် တာဝန်ပေး အပ်ကြောင်းပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက်သည်။ ဖေဖော်ဝါရီ ၂၅ရက်နေ့ တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက က ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌမှ အမည်စာရင်းတင်သွင်းသည့် ဦးမြငြိမ်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌအဖြစ် အတည်ပြုကြေညာ ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)
ဗညားဦး၊မောင်ပိုင် (နေပြည်တော်)
Yangon Media Group

No comments:
Post a Comment