Monday, February 25, 2013

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း

Monday, February 25, 2013
ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ် လွှတ်ေ တာ် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ထင် ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ် သည့် မိုဟာမက်အယ်လ်ဘာရာဒေးက ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေး သားခဲ့ သည်။ အီဂျစ်အတိုက်အခံ အဖွဲ့များ ညွန့် ပေါင်းဖြစ်သော National Salvation Front တွင် ပါဝင်သည့် ခေါင်းဆောင်များအနက် တစ်ဦးအ ပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည် ပြီးခဲ့သော သုံးနှစ်ကလည်း ယခုကဲ့သို့ပင်ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။



သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန် အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။

ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည် အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌ ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ပေါ့ဆက်မြိ့တွင် သမ္မတမော်ဆီကို ဆန့်ကျင်သူများက အိုးဖုံးများတီးပြီး ဖေဖော်ဝါရီလ ၂၂ ရက်က ဆန္ဒပြနေကြစဉ်

Ref:BBC
Eleven Media Group

No comments: