အမေရိကန်တင်းနစ်မယ် ဆရီနာ ဝီလျံသည် အသက်အကြီးဆုံး ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်အဖြစ် စံချိန်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။ အသက်(၃၁)နှစ်ရှိ အမေရိကန်သူ ဆရီနာသည် ကာတာအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတာဖိုင်နယ်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဆရီနာသည် ကာတာအိုးပင်း ဆီမီးဖိုင်းနယ်တွင်လည်း ရုရှားတင်းနစ်မယ် ရှာရာပိုဗာကို အနိုင်ရရှိခဲ့သည်။ သို့သော် ဗိုလ်လုပွဲတွင်မူ ဗိုလ်လုပွဲတွင်မူ ဗစ်တိုးရီးယား အဇာရင်ကာကို ရှုံးနိမ်ခဲ့သည်။ ဆရီနာ၏ ကမ္ဘာ့အဆင့်(၁) စံချိန်သည် သူမ၏ လက်ရှိ အသက်အရွယ်အရ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ်အဖြစ် မှတ်တမ်း ဝင်စေခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment