မင်းသား ဘရုစ်ဝီလီ ဦးဆောင်ပါဝင်သော Die Hard ဇာတ်ကားသစ်သည် အမေရိကန်တွင် ရုံဝင်ကြေး အမြင့်မားဆုံး Box Office ထိပ်ဆုံး နေရာသို့ရောက်လာခဲ့ကြောင်း သိရှိရသည်။
A Good Day to Die Hard ဇာတ်ကားသစ်သည် Safe Havenနှင့် Identity Thief ဇာတ်ကားများကို အတန်ငယ် အသာစီးယူကာ Box Office၏ ထိပ်ဆုံးနေရာတွင် ရှိနေသည်။
Die Hard ဇာတ်ကားသစ်သည် အမေရိကန်နှင့် ကနေဒါတို့တွင် တစ်ပတ်အတွင်း ဒေါ်လာ (၂၅)သန်း ဝင်ငွေ ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာတွင်မူ ဒေါ်လာ (၁၁၃.၃)သန်းထိ ဝင်ငွေ ရရှိခဲ့သည်။

No comments:
Post a Comment