Thursday, February 21, 2013
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ် မတော်ခေါင်းဆောင်တွေနဲ့နိုင်ငံရေးခေါင်းဆောင်ေ တွ တွေ့ဆုံ ပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင် ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။ RFA ကပုံမှန်တင် ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင် ဆန်းစုကြည် အစီအစဉ်အတွက် ယခုလတ်တလော မှာ သူနဲ့တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံ ဖို့ဖြစ်နိုင်ကြောင်း သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။
တဆက်တည်းမှာပဲ လွတ်တော်အမတ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့သဘောထားကို မေးမြန်းရာ မှာတော့ ပြည်ထောင် စုလွတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကိစ္စအတွက် တိုက်တွန်းပြောဆို ခဲ့ပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေကြားချက်တွေဟာ တိုးတက်လာကြောင်းနဲ့ လွှတ်တော်သက် တမ်း နုနယ်သေးတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ စိမ်းနေတာကြောင့် ခုလိုပေါ်ပေါက်ခဲ့ တာဖြစ်နိုင်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
RFA

No comments:
Post a Comment