Wednesday, February 13, 2013

ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ

Wednesday, February 13, 2013
ရှေးဟောင်းဝတ္ထု ပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်း အမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီး အရေးယူရန် ဒေသအ သီးသီးရှိ ဌာနများသို့ ကြိုတင်အ ကြောင်းကြား မှုများ ပြုလုပ်ထား ရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ သတင်းရရှိ သည်။ ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်း၊ မုံရွာ၊ ဆားလင်းကြီး၊ သထုံ၊ ကျိုက်ထို၊ သုဝဏ္ဏဘူမိ အစရှိသော ယဉ်ကျေးမှုမြို့ဟောင်းနေရာများနှင့် အခြားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေ သများတွင် တရားမ၀င် တူးဖော်ခိုးထုတ်မှုများ ရှိနေသည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။



“ဒီဒေသတွေမှာ ဌာနအမည်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမ၀င် တူးဖော်မှုတွေ ရှိနေတယ်လို့ သတင်းပေးတာတွေရှိတယ်။ ဒါပေမဲ့ လက်ပူးလက်ကြပ်တော့ မဖမ်းမိသေးဘူး”ဟု အထက်ပါပုဂ္ဂိုလ် ကပြောသည်။

ရှေးဟောင်းပစ္စည်းများအား ထိန်းသိမ်းကာကွယ်ရန် ဒေသခံများအား အသိပညာပေး ဟောပြောပွဲ များ ပြုလုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် သတိပေးတားမြစ်ချက်များ ထည့်သွင်းဖော်ပြခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

“တစ်ခါတစ်ရံမှာ နိုင်ငံခြားကို ဘုရားတစ်ဆူ၊ ရှေးဟောင်းပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ရှေးဟောင်းရုံးကို လာပြီး ခွင့်ပြုချက်ယူရတယ်။ရှေးဟောင်းပစ္စည်းမဟုတ်ဘူးဆိုရင် ယူခွင့်ရှိတယ်။ အဲဒီမှာ မသမာသူတွေက လိမ်လည်မှုတွေ ပြုလုပ်သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဒေါက်တာတိုး လှကပြောသည်။

၁၉၆၂ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၈ အရ ရှေးဟောင်း ပစ္စည်းများကို ပြည်ပသို့ ထုတ်ဆောင်ခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်ပါက ဥပဒေပြဠာန်းချက်များနှင့်အညီ
ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်စီရင်ခြင်း ခံရမည်ဖြစ်သည်။

7Day News Journal

No comments: