Wednesday, February 13, 2013

အရက်ရောဆုံးသူဌေးစာရင်းမှာ Facebook တည်ထောင်သူ ပါဝင်

Wednesday, February 13, 2013
Facebook စတင်တည်ထောင်သူ မက် ဇက်ကာ ဘက် နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ချန်း တို့ ဟာ အမေရိ ကန်ပြည်ထောင်စုမှာ ၂၀၁၂ ရဲ့ အရက်ရောဆုံး အလှုရှင် စာရင်းထဲ ပါဝင်လာပါပြီ။ လူမှုရေး လုပ်ငန်း တွေမှာစိတ်ဝင်တစား ကူညီဆောင်ရွက် လာတဲ့ အသက် ၂၈ နှစ်အရွယ်ရှိ ဇက်ကာဘက် ဟာ လွန်ခဲ့တဲ့နှစ်က မှမင်္ဂလာဆောင် ခဲ့တာပါ။ လူငယ် သူဌေး ဇနီးမောင်နှံဟာ ဆီလီကွန် ဗယ်လီ လူမှုအဖွဲ့ အစည်းကိုဒေါ်လာ သန်း ၅၀၀ နီးပါး (အတိအကျ ပြောရရင် ၄၉၈ သန်း) လှူထားတာပါ။ပညာရေး နဲ့  ကျန်းမာရေး ဖွံဖြိုးတိုးတက်ရေးတွေအ တွက် လှုဒါန်းခြင်းဖြစ်ပါတယ်။



ဒီအလှုအတွက် ဇက်ကာဘက် ဟာ ၂၀၁၂ ကုန်ခါနီးအချိန် ဒီဇင်ဘာလမှာ သူရဲ့ Facebook မှာပဲ ကြေညာ ခဲ့တာပါ။ သူနဲ့ ဇနီးဖြစ်သူတို့ ပိုင်ဆိုင်တဲ့ငွေကြေး အတော်များများကို လှုဒါန်းသွားမယ်လို့ ဆိုခဲ့ပါတယ်။

၂၀၁၀ ခုနစ်တုန်းကလည်း ဇက်ကာဘက်ဟာ ပေါင် သန်း ၁၀၀ ခန့် မျှကို Startup: Education အဖွဲ့ အစည်းအတွက် ရန်ပုံငွေ တည်ပေးခဲ့ပြီးအမေရိကမှာ ရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေး ရရှိအောင်လို့ ရည်စူးတယ်လို့ သိရပါတယ်။

ဒီလို လှုဒါန်းတာကြောင့် ကမ္ဘာ့ အရက်ရောဆုံး လှုဒါန်းသူများစာရင်း မှာ ဒုတိယအဆင့်ထိ တက်ရောက်လာတာပါ။

ထိပ်ဆုံးက အလှူရှင် အရက်ရောဆုံးစာရင်းမှာ ပထမစွဲသူက ကမ္ဘာ့နာမည်ကျော်သူဌေးကြီး Warren Buffett ပါပဲ။

အသက် ၈၂ ရှိပြီဖြစ်တဲ့ Warren Buffett ဟာ အမေရိကမှာရှိတဲ့ သူဌေးတွေကိုလည်း လူမှုအဖွဲ့ အစည်းများအတွက် လှုဒါန်းဖို့ အမြဲ တိုက်တွန်းတတ်သူပါ။

သူ့ရဲ့ သားသမီးတွေတည်ထောင်ထားတဲ့
Howard G. Buffett Foundation,
NoVo Foundation,
Sherwood Foundation
စတဲ့ လူမှုအဖွဲ့ အစည်းတွေကို ၃ ဘီလီယံ ခန့်  လှုဒါန်းထားတာဖြစ်ပါတယ်။

Google နဲ့ Microsoft တည်ထောင်သူများ

Google ကုမ္မဏီ ပူးတွဲတည်ထောင်သူ Sergey Brin နဲ့ သူရဲ့ဇနီး အန်နီ တို့ ကလည်း ရက်ရောသူတွေပါပဲ။

သူတို့ ကိုယ်တိုင် တည်ထောင်ထားတဲ့ လှုမှုအဖွဲ့ အစည်းဖြစ်တဲ့ Brin Wojcicki Foundation ကို ဒေါ်လာ ၂၂၂ သန်း လှုဒါန်းခဲ့တဲ့အတွက် ကမ္ဘာ့အရက်ရောဆုံး လှုဒါန်းသူများစာရင်းမှာ ပါဝင်လာပါတယ်။

ဒါ့အပြင် Microsoft ပူးတွဲတည်ထောင်သူ Paul Allen ကလည်း ကမ္ဘာ့အရက်ရောဆုံး လှုဒါန်းသူများစာရင်းမှာ ပါဝင်လာပြီ ဆိုတာကို တွေ့ ရပါတယ်။

အငြင်းပွားဖွယ်ရာ လှူဒါန်းမှု

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း တက်လာတဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး စာဖတ်သူ ၂ ဦးက မှတ်ချက်ပြုထား တာ တွေ့ရပါတယ်။ သူတို့ မှတ်ချက်တွေက ဦးတည်ချက် မတူကြပါဘူး။ ဒီလို လှူဒါန်းတာဟာ အခွန်အများကြီးပေးရမယ့်အခြေအနေကို ရှောင်ချင်လို့ ဖြစ်တယ်လို့ တယောက်က ပြောပြီး၊နောက် တယောက်ကတော့ ဒီလို လှူဒါန်းမှုမျိုးကို အကောင်းဘက်ကမြင်ရမယ်၊ ဆက်လှူဖို့ အားပေးတိုက်တွန်း ရမယ် ဆိုတဲ့သဘောပြောထားကြပါတယ်။


ကိုးကား ။ Mashable
ဆောင်းဦးလင်း
ဧရာဝတီ

No comments: