Friday, February 15, 2013

၂၀၁၂-သတင်းထောက်တွေ အသေအပျောက်အများဆုံးနှစ်ဟု CPJ ထုတ်ပြန်

Friday, February 15, 2013
ဆီးရီးယားနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ကမ္ဘာတဝှမ်း ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် ၂၀၁၂ ခုနှစ်ဟာ သတင်းထောက်တွေ အသေအပျောက် အများ ဆုံးဖြစ်တယ်လို့ အမေရိကန်အခြေစိုက် သတင်းလွတ်လပ် ခွင့်ဆောင်ရွက်နေတဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်၊ ပြီးခဲ့ တဲ့နှစ်အတွင်း သတင်းထောက် ၇၀ သေဆုံးခဲ့ပြီး နောက်ထပ် ၂၃၂ ယောက် ထောင်ချခံခဲ့ရတယ်လို့ သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ ရဲ့ နှစ်ပါတ်လည် သုံးသပ်ချက် ထဲမှာ ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေထဲက အများစုဟာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသခံ သတင်းထောက်ေ တွဖြစ်ကြပြီး၊ သူတို့သေဆုံးမှုအတွက် တာဝန်ရှိသူတွေလဲ အရေးယူခံရတာ မရှိခဲ့ဘူးလို့ CPJ ဒုတိယ ညွှန်ကြားရေးမှုး Robert Mahoney ကပြောပါတယ်၊ သတင်းထောက် ၂၈ ယောက်ကတော့ ဆီးရီးယားမှာ ပြစ်ခတ်မှုတွေအတွင်း မဟုတ်လဲ ပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ ဆီးရီးယားလူမျိုးေ တွဖြစ်ကြပါတယ်၊ နောက်ထပ် ၁၃ ယောက်ကလဲ ကိုယ်ပိုင် လက်ကိုင်ဖုန်းတွေ၊ Camera တွေနဲ့ ဆီးရီးယားပဋိပက္ခတွေကို မှတ်တမ်းတင်ခဲ့ကြတဲ့ တာဝန်သိသတင်းထောက်တွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။



ဗီယက်နမ်၊ တူရကီ၊ အီရန်၊ အီသီယိုပီးယား နဲ့ ဆီးရီးယားနိုင်ငံတွေဟာ အစိုးရ ဆန့်ကျင်တဲ့ ရေးသားဖော်ပြမှုတွေ ကို နှုတ်ပိတ်တဲ့အနေနဲ့ သတင်းထောက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထောင်ချနေတဲ့အပေါ်မှာလဲ စိုးရိမ်ကြောင်းCPJ ရဲ့ နှစ်ပါတ်လည် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်၊

ဗွီအိုအေ

No comments: