Friday, 15 February 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ကွန်ရက် ၏ တက္ကသိုလ်ဝင်တန်းသင် ပညာဒါနကျောင်းများသို့ ငွေကျပ် ၁၃၆ သိန်း ပေးအပ်ခြင်း အခမ်းအနားအား ဖေဖော်ဝါရီလ ၁၃ ရက်က မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရှိ တော် ၀င်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ NLD ပညာရေးကွန်ရက်မှ အတန်းစုံ သင်ကြားသည့် ပညာ ဒါနကျောင်းပေါင်း ၈၁ ကျောင်း ရှိသည့်အနက် တက္ကသိုလ်ဝင်တန်း သင်ကြား သည့်ကျောင်း ၄၉ ကျောင်းအား ယခုကဲ့သို့ အလှူငွေပေး အပ်ခြင်း ဖြစ်သည်။ "လက်ရှိ တက္ကသိုလ်ဝင် တန်း ကျောင်းေ တွကို စိစစ်ရွေးချယ်သွားတာပါ။ ဒီငွေတွေဟာ အများပြည်သူတွေရဲ့ စေတနာ ထက်သန်စွာနဲ့ ချွေးနည်းစာနဲ့ လှူဒါးန်ထားတဲ့ငွေကြေးတွေ ဖြစ်ပါတယ်။ ကျောင်းကော်မတီဝင်များ၊ ကျောင်းဆရာများအနေနဲ့ လှူဒါန်းလိုက်တဲ့ ငွေတွေ ကို ကျောင်းသားများကို သင်ကြားပို့ချပေးဖို့နဲ့ တန်ဖိုးရှိတဲ့ ကျောင်းသားတွေ မွေးမြူသင်ကြားပေးဖို့ ကျွန်တော်တို့ ပညာရေးကော် မတီကနေ မေတ္တာရပ်ခံချင်ပါတယ်" ဟု NLD ပညာရေးကွန်ရက် ပညာရေးကော်မတီဝင် ဒေါက်တာ သိန်းလွင်ကပြောကြားခဲ့ပါသည်။
ထိုသို့ အလှူငွေပေးအပ်ရာ၌ ကျောင်းသား ၁၅၀ နှင့်အထက်ရှိသောကျောင်းတစ်ကျောင်းလျှင် အလှူငွေ ၅ သိန်းကျပ်၊ ကျောင်းသား ၁၀၀ အထက်ရှိသော ကျောင်းများအား တစ်ကျောင်းလျှင် ငွေကျပ် ၄ သိန်း၊ကျောင်းသား ၅၀အထက်ရှိသော ကျောင်းတစ်ကျောင်းလျှင် ငွေကျပ်သုံးသိန်းနှင့် ကျောင်းသား ၅၀ အောက်ရှိ ကျောင်းတစ်ကျောင်း လျှင် ငွေကျပ်နှစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းသင် ကျောင်း ၄၉ ကျောင်းအနက် ကျောင်းသား ၁၅၀ နှင့်အထက်ရှိသည့် ကျောင်း ၅ ကျောင်း၊ ကျောင်းသား ၁၀၀ အထက်ရှိသည့် ကျောင်း ၄ ကျောင်း၊ ကျောင်းသား ၅၀ အထက်ရှိသည့် ကျောင်း ၁၅ ကျောင်းနှင့် ကျောင်းသား ၅၀ အောက်ရှိသည့် ကျောင်း ၂၅ ကျောင်းရှိကြောင်း သိရသည်။
ထို့ပြင် မူလတန်းမှ အထက်တန်းအထိ အတန်းစုံသင်ကြားပေးနေသည့်ကျောင်းများကိုလည်း နွေရာသီ ကျောင်းပိတ်ရက်တွင် စိစစ်ပြီး လာမည့် ၂၀၁၃-၂၀၁၄ ကျောင်းဖွင့်ရာသီ မတိုင်မီ ဆက်လက်ပြီး ထောက်ပံကြေး များ ပေးအပ်သွား မည်ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ပြောကြားခဲ့သည်။
NLD ပညာရေးကွန်ရက်အနေဖြင့် နယ်စပ်ဒေသရှိ ကလေးများအား ရန်ပုံငွေထောက်ပံ့နိုင်ရန် စီစဉ်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ရွှေ့ပြောင်းကျောင်းပေါင်း ရှစ်ကျောင်းအား ပညာသင်ထောက်ပံ့ကြေး ကျပ်သိန်း ၁၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ NLD ပညာရေးကွန်ရက်တွင် ကျောင်းပေါင်း ၈၁ ကျောင်းရှိပြီး ပညာသင်ကြားခဲ့သည့် ကျောင်းသားပေါင်း ၁၀၄၂၅ ဦးရှိပြီး ဆရာဆရာမပေါင်း ၉၀၇ ယောက်ရှိကြောင်း သိရသည်။
NLD ပညာရေးကွန်ရက်၏ နှစ်နှစ်ပြည့် အထိမ်းအမှတ် ရန်ပုံငွေပွဲကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရက်ဆွယ်တာနှစ်ထည် လေလံရောင်းရငွေ ကျပ် ၁၀၄၅ သိန်းရရှိခဲ့သည်။
eleven media group

No comments:
Post a Comment