Friday, 15 February 2013
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရသေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။ တပ်မတော်နှင့် KIA အကြား တိုက်ပွဲအခြေအနေများအား Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးအား Eleven Media Group မှ မေးမြန်း ရာ ဒေါက် တာမင်းဇော်ဦးက "တပ်မတော်နဲ့ KIA အကြား လက်ရှိအချိန်မှာ တိုက်ပွဲတွေလည်းတော်တော်ကြီး ရပ်သွားတယ်။ တိုက်ပွဲ အကြီးကြီးတွေဆိုတာ လုံးဝမရှိတော့ဘူး။ အနည်းငယ်ထိတွေ့တာမျိုးတောင် မကြားရတာ သုံးလေးရက်လောက် ရှိပြီ" ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။
"လက်မှတ် မထိုးရသေးတာဘဲ ရှိတယ်။ နှစ်ဖက်လုံးက စကားလုံး အသွားအလာကို ကြည့်ရင် အပစ်ရပ်လိုက်တော့ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်နေတယ်။ အဲဒီအပေါ်မှာ ၀ိုင်းပြီး အကောင်အ ထည် ဖော်ကြ မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ စာရွက်ပေါ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ မလိုက်နာဘူးဆို ရင်လည်း အပစ်အခတ် ရပ်စဲမှုက ပျက်မှာပဲ။ နှစ်ဖက်လုံးက အပစ်အခတ် ရပ်စဲချင်တဲ့ ဆန္ဒရှိတယ်။ အားလုံး ၀ိုင်းပြီး အောက်ခြေမှာဖြစ်အောင် အကောင်အထည်ဖော်ကြမယ် ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိမှာပါ" ဟု ဒေါက်တာမင်းေ ဇာ်ဦးက ဆက်လက်ပြောကြားခဲ့သည်။
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)သည် အစိုးရတပ်နှင့် တွေ့ဆုံဆွေးနွေးမှု လုပ်နေစဉ်အတွင်း ရှေ့တန်းသို့ ရောက်ရှိနေ သည့် ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
"အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရခြင်း မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်နဲ့စာရင် အလားအလာ အများကြီးကောင်းပါတယ်။ တပ်မတော်ဘက်ကလည်း သမ္မတကြီးက မတိုက်ခိုက်ဖို့ ညွှန်ကြားထားတဲ့ အတွက် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာမယ်လို့ ပြောထားတာရှိတယ်။ လက်ရှိ အခြေအနေမှာ တပ်မတော် ဘက်ရော KIA ဘက်ကပါ နှစ်ဖက်ထိတွေ့မှုတွေ မဖြစ်အောင် ရှောင်ရှားတဲ့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသော်လည်း ထိတွေ့မှုတွေ မဖြစ်တော့ပါဘူး" ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
အစိုးရနှင့် (KIO) တို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စနစ်တကျ ဖြစ်ပေါ်လာရေး၊ ပဋိပက္ခ ဖြစ်ပွားနေ သည့် နေရာ များတွင်လေ့လာစောင့်ကြည့်ရေး စနစ်ထားရှိရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီ တွင် တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့ကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရေး အစိုးရနှင့် (KIO) တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIOခေါင်းဆောင်များသို့ ပေးပို့ သည့်စာတွင် ဖော်ပြပါရှိ သည့်အတိုင်း KIO ဗဟိုကော်မတီမှလည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူ ညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က KIO မှ ပြည်သူလူထုထံသို့ အသိပေး ကြေညာထားသည်။
eleven medaia group

No comments:
Post a Comment