မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် 2014 AFC Challenge Cup ပြိုင်ပွဲတွင်အုပ်စုပထမဖြင့် နောက်ဆုံးအဆင့်ပွဲစဉ်များသို့ တက်ရောက်ခွင့်ရရှိသွားပြီဖြစ်ြေ
သိရှိရသည်။
အုပ်စု (က)တွင် မြန်မာအသင်းသည် ဂူအန်အသင်းနှင့် ယှဉ်ပြိုင်စဉ်က ၅ ဂိုးပြတ်အနိုင်ရခဲ့ပြီး တရုတ်တိုင်ပေ
အသင်းနှင့် ပွဲတွင် ၁-၁ ဂိုးသရေကျခဲ့ကာ အန္ဒိယအသင်းနှင့်ပွဲတွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ယနေ့ ညတွင် ယှဉ်ပြိုင်ကစားသည့် အန္ဒိယအသင်းနှင့် ပွဲတွင် မြန်မာအသင်းသည် တိုက်စစ်မှူး စိုးမင်းဦး၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်း၏ တိုက်စစ်ပိုင်းတွင် ကြည်လင်းကို အထောင်ထားပြီး ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊
ဒေးဗစ်ထန်၊ ပိုင်စိုး၊ ရန်အောင်ကျော် အစရှိသော အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့သည်။
မြန်မာအသင်းသည် အန္ဒိယအသင်းထက် ဂိုးကန်သွင်းခွင့်များပိုရခဲ့ပြီး ဂိုးရရှိရန် အခွင့်အရေးများလည်း ပိုမို
ဖန်တီးနိုင်ခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို လူစားလဲဝင်ရောက်လာသည့်
တိုက်စစ်မှူး စိုးမင်းဦးက အန္ဒိယဂိုးသမားနှင့် နောက်တန်းတို့ဖြတ်ထုတ်ရာမှ ထွက်လာသည့်ဘောလုံးကို ပိတ်သွင်းပြီး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
2014 AFC Challenge Cup ပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်ကိုမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး မြန်မာက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ
အဆိုပါ ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်များကို ၂၀၁၄ ခုနှစ် မတ်လတွင်မော်လ်ဒိုက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲသည့် အသင်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အာရှဖလားပြိုင်ပွဲသို့ ၀င်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
ဟိန်းသူ
No comments:
Post a Comment