Thursday, March 07, 2013

မြန်မာသို့ အီးယူက စီးပွားရေးကူညီထောက်ပံ့မှုများ ထပ်ပေးသွားရန်ကြေငြာ

မြန်မာသို့ အီးယူက စီးပွားရေးကူညီထောက်ပံ့မှုများ 
ထပ်ပေးသွားရန်ကြေငြာ

ဘရပ်ဆဲလ်၊ မတ် ၆။

ဥရောပသမဂ္ဂ(အီးယူ)သည် မြန်မာသို့ စီးပွားရေး 
ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးသွားရန် ဘရပ်ဆဲလ်သို့
မြန်မာသမ္မတ ဦးသိန်းစိန် ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း 
သိရသည်။

ဥရောပသို့ ပထမဆုံးခရီးစဉ်အဖြစ်ဆယ်ရက်ကြာ ခရီးထွက်လာခဲ့သော မြန်မာသမ္မတသည် ဘရပ်ဆဲလ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို၊ 
ဥရောပသမဂ္ဂဥက္ကဋ္ဌ ဟာမန် ဗန်ရွမ်ပိုင်၊ အီးယူ၏နိုင်ငံခြား
ရေးရာ ပေါ်လစီအကြီးအကဲ ကတ် သရင်းအက်ရှ်တန်တို့နှင့်
တွေ့ ဆုံခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ ဘာရိုဆို ကလည်း မြန်မာသမ္မတကို 
ကြိုဆိုခဲ့ပြီး “အီးယူနဲ့ မြန်မာဟာ သူတို့ရဲ့ဆက်ဆံရေးမှာ 
စာမျက်နှာသစ် ဖွင့်ခဲ့ပါပြီ။ ပိုတိုးပြီး ထိတွေ့ ဆက်ဆံမှု၊ 
ပိုကောင်းမွန်တဲ့ ကူညီမှုတွေနဲ့  ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံ
မှုတွေ ပိုရှိလာတော့မှာပါ ” ဟု ပြောကြားခဲ့သည်။

အီးယူသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာသို့  
ယူရိုသန်း ၂၀၀ ခန့် အထိဖွံ့ ဖြိုးရေးအကူအညီ နှစ်ဆမြှင့်
ပေးထားပြီး နှစ် ဖက်ရင်းနှီးမြှပ်နှံမှုများလည်း ထပ်မံရှာဖွေ
သွားရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။ 

ယင်းအပြင် အီးယူသည် မြန်မာတွင် လူနည်းစု အခွင့်အရေး
များကို နီးကပ်စွာစောင့်ကြည့်သွားမည် ဖြစ်ပြီး ကချင်နှင့် 
ရခိုင်ပဋိပက္ခ များကို စောင့်ကြည့်သွားမည်ဟု ပြောကြား
ခဲ့သည်။

မြန်မာသမ္မတဥိးသိန်းစိန်သည် ၎င်း၏ ဥရောပခရီးစဉ်ကို ဘယ်လ်ဂျီယမ်နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်မှ ထွက်ခွာ
ပြီးနောက် အီတလီသို့ သွားရောက်ပြီးနောက် အဆုံးသတ်
မည်ဖြစ်သည်။

Ref: Bangkokpost

ဘရပ်ဆဲလ်၊ မတ် ၆။

ဥရောပသမဂ္ဂ(အီးယူ)သည် မြန်မာသို့ စီးပွားရေး ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးသွားရန် ဘရပ်ဆဲလ်သို့
မြန်မာသမ္မတ ဦးသိန်းစိန် ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ဥရောပသို့ ပထမဆုံးခရီးစဉ်အဖြစ်ဆယ်ရက်ကြာ ခရီးထွက်လာခဲ့သော မြန်မာသမ္မတသည် ဘရပ်ဆဲလ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို၊ ဥရောပသမဂ္ဂဥက္ကဋ္ဌ ဟာမန် ဗန်ရွမ်ပိုင်၊ အီးယူ၏နိုင်ငံခြားရေးရာ ပေါ်လစီအကြီးအကဲ ကတ် သရင်းအက်ရှ်တန်တို့နှင့်တွေ့ ဆုံခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ ဘာရိုဆို ကလည်း မြန်မာသမ္မတကို ကြိုဆိုခဲ့ပြီး “အီးယူနဲ့ မြန်မာဟာ သူတို့ရဲ့ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်ခဲ့ပါပြီ။ ပိုတိုးပြီး ထိတွေ့ ဆက်ဆံမှု၊ ပိုကောင်းမွန်တဲ့ ကူညီမှုတွေနဲ့  ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုတွေ ပိုရှိလာတော့မှာပါ ” ဟု ပြောကြားခဲ့သည်။

အီးယူသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာသို့  ယူရိုသန်း ၂၀၀ ခန့် အထိဖွံ့ ဖြိုးရေးအကူအညီ နှစ်ဆမြှင့်ပေးထားပြီး နှစ် ဖက်ရင်းနှီးမြှပ်နှံမှုများလည်း ထပ်မံရှာဖွေ
သွားရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။

ယင်းအပြင် အီးယူသည် မြန်မာတွင် လူနည်းစု အခွင့်အရေးများကို နီးကပ်စွာစောင့်ကြည့်သွားမည် ဖြစ်ပြီး ကချင်နှင့် ရခိုင်ပဋိပက္ခ များကို စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာသမ္မတဥိးသိန်းစိန်သည် ၎င်း၏ ဥရောပခရီးစဉ်ကို ဘယ်လ်ဂျီယမ်နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်မှ ထွက်ခွာပြီးနောက် အီတလီသို့ သွားရောက်ပြီးနောက် အဆုံးသတ်မည်ဖြစ်သည်။

Ref: Bangkokpost

No comments: