Monday, 25 March 2013
သီတဂူဆရာတော် ဒေါက်တာရှင်ဥာဏိသရ၏အစီ အစဉ်အရ ဘယ်ဂျီယံနိုင်ငံ မှဆရာဝန်ကြီး (၁၄) ဦးနှင့်သူနာပြု(၄)ဦးအပါအ၀င်မြန်မာနိုင်ငံမှစေတနာ
ဆရာဝန်များပါဝင်သည့် အဖွဲ့သည်ထားဝယ်မြို့၊သီ တဂူအာရောဂျဒါနဆေးရုံကြီးတွင် မျက်စိနှင့် နှုတ် ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်များကို မတ်လ(၁၉) ရက် မှ ယနေ့ မတ်လ(၂၃)ရက်နေ့အထိခွဲစိတ်ပေး ခဲ့ပြီးဖြစ်ရာ မျက်စိဝေဒနာရှင်(၇၀)ကျော်နှင့်နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲဝေဒနာရှင်(၁၁၉)ဦး တို့ကိုခွဲစိတ် ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
ရုပ်သွင်အစားထိုးကုသမှုခံယူခဲ့သည့် မောင်သန်းမိုးအပါအ၀င် အခြားလူနာ(၃)ဦးခန့် မှာရက်ရှည် ကုသမှုခံ ယူရန်လိုအပ်သဖြင့်ထားဝယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်းသိရသည်။
(ပုံမှာ- ဘယ်ဂျီယံနိုင်ငံမှဆရာဝန်များနှင့်ခွဲစိတ်ကုသမှုခံယူခဲ့ကြသည့်ကလေးငယ်များအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူစဉ်။
Popular Myanmar News Journal

No comments:
Post a Comment