Monday, March 25, 2013

"မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းစေရေးအတွက် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ"

Monday, 25 March 2013
မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းစေရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာ ကော်မတီများအား မတ်(၂၂) ရက်မှ စတင်၍ ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။ အဆိုပါ ကော်မတီများမှာ ဗဟိုကွပ် ကဲမှု အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးရဲမြင့်၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော် ဇံမြင့်နှင့် စုစုပေါင်း (၁၀) ဦးဖြင့်လည်းကောင်း၊ လုံခြုံရေး ကော်မတီကို အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၇) ဦးဖြင့် လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄) ဦးဖြင့် လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၆) ဦးဖြင့် လည်းကောင်း၊ ပညာရေးကော်မတီကို ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၈) ဦးဖြင့် လည်းကောင်း၊ ကျန်းမာရေးကော်မတီကို ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၃) ဦး ဖြင့်လည်းကောင်း၊ သာသနာရေးဆိုင်ရာ ကော်မတီကို သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄) ဦး ဖြင့်လည်းကောင်း၊ ပြန်ကြားရေးကော်မတီကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၈) ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။

နိုင်ငံတော်သမ္မတရုံးက မတ်(၂၂)ရက်တွင် အရေးပေါ် အခြေအနေထုတ်ပြန် ကြေညာပြီးနောက်မိတ္ထီ လာမြို့နယ် အတွင်းတည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရှိရသည်။

Popular Myanmar News Journal

No comments: