Monday, March 25, 2013

လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီ နှုတ်ထွက်

Saturday,, March 23, 2013
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ၎င်းသည် အကြီ်း တန်း လုံခြုံရေးအရာရှိလုပ်သက် တိုးမြှင့်ေ ရးနှင့် အုပ်ချုပ်မှု ဆိုင် ရာရွေးကောက်ပွဲ ပြင် ဆင်ခြင်းများတွင် ရှီအိုက်အုပ်စုနှင့် ဟက်ဇ်ဘိုလာတို့ အငြင်းပွားမှုမျာှးိသောကြောင့် သောကြာနေ့ကနှုတ်
ထွက်ကြောင်း ကြေညာသည်။ အပြီးသတ် သဘော တူညီမှု မရသည့် ဝန်ကြီးများ ဆွေးနွေးမှုကြောင့် ထုတ်ပြန်လိုက်ရသော မစ္စတာမီကာတီ၏ ကြေညာ ချက်သည် အိမ်နီး ချင်း ဆီးရီးယားနိုင်ငံမှ တိုက်ခိုက် မှုများရှိနေပြီး ဒုက္ခသည်များလည်း ဝင်ရောက်နေ၍ အလျင်မီရန် ကြိုးစားနေရဆဲ တွင် သတ်မှတ် ထားသော ရွေးကောက်ပွဲကလည်း သုံးလဝန်းကျင် လိုသေးရာ လက်ဘနွန်ပြည်သူများကိုပြင်းထန်စွာ သက်ရောက်စေသည်။

၎င်းသည်အစိုးရကို “ဒေသတွင်း တိုက်ခိုက်မှုများနှင့် အတွင်းဂိုဏ်းဂဏ ကွဲမှုများ”မှ ကယ်တင်ရန် ညီညွတ်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုသည်။

“ကျွန်တော်အစိုးရအဖွဲ့က နှုတ်ထွက်ကြောင်း ကြေညာပါတယ်၊ဒါဟာ လက်ဘနွန် အဓိကနိုင်ငံရေး အင်အားစုရဲ့ တာဝန်ယူမှုကိုဖော်ပြပေးမယ့် တစ်ခုတည်းသော နည်းလမ်းပါ၊ သူတို့တွေ စုပေါင်းပြီး မသိနိုင်တဲ့လမ်းကြောင်းကနေ လက်ဘနွန်ကို ဆွဲတင်ရပါမယ်”ဟု မစ္စတာ မစ်ကာ တီက ဆိုသည်။

မစ္စတာမီကာတီသည် အစိုးရအဖွဲ့စည်းဝေးပွဲ ကျင်းပစဉ်ရှီအိုက်အုပ်စု ဟက်ဇ်ဘိုလာနှင့် ၎င်းတို့၏ မဟာမိတ်များက အစိုးရအုပ်ချူပ်ရေး ဆိုင် ရာ မဲပေးမှုအတွက်အကြံပေးအဖွဲ့ဖွဲ့စည်းခြင်းကို တားဆီးပြီး အကြီးတန်း လုံခြုံရေးအရာရှိလုပ်သက် သက်တမ်းတိုးရေးကို ဆန့်ကျင်ခဲ့ပြီး နှစ်နာရီ အကြာတွင် နှုတ် ထွက်ကြောင်း ကြေညာခဲ့သည်။

လက်ဘနွန်နိုင်ငံတွင်း လုံခြုံရေး တပ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူအာရာရီဖီသည် လာမည့်လအစောပိုင်းတွင် ငြိမ်းစားယူရမည်ဖြစ်ပြီး ၎င်းသည် မစ္စတာ မီကာတီကဲ့သို့ပင်ထရီပိုလီမှ ဆွန်နီမူဆလင်ဖြစ်ပြီး ဟက်ဘိုလာ အုပ်စုက မယုံကြည်ကြကြောင်းသိရသည်။

မစ္စတာမီကာတီသည် ဟက်ဘိုလာနှင့် ၎င်းတို့ လုပ်ဖော်ကိုင်ဖက်များ ဖာအယ်ဟာရီရီ၏ ညီညွတ်ရေး အစိုးရကို ဖြုတ်ချပြီးနောက်၂၀၁၁ခုနှစ် တွင် ဝန်ကြီးချုပ်ဖြစ်လာခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခသည် ၎င်းကို အာဏာရစေခဲ့သော စစ်အုပ်စုနှင့် သဘောချင်း မတိုက် ဆိုင်ခြင်းများ ရှိလာစေသည်။

စစ်အုပ်စုသည် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်သူပုန်များ၊ အတိုက်အခံများကို တိုက်ခိုက်ခြင်းကို အပြည့် အဝ ထောက်ပံ့မှုပေးကြောင်း သိရသည်။

လက်ဘနွန် အတိုက်အခံနိုင်ငံရေးအဖွဲ့သည် ရွေးကောက်ပွဲကို ဇွန်လတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပြိုပျက်နေသော အစိုးရကြောင့် ထပ်၍နှောင့်နှေးနေမည်ဟု သိရသည်။

“ရွေးကောက်ပွဲဥပဒေဟာလည်း ရွေးကောက်ပွဲ ကျင်းပရန် လျာထားတဲ့အချိန်အထိ သဘောတူညီမှု ရကြမှာ မဟုတ်သေးဘူး” ဟု မစ္စတာမီ ကာတီက ဆိုသည်။

“ခုလိုအခြေအနေမှာ ဆွန်နီမူဆလင်နိုင်ငံရေးပါတီအနေနဲ့ ဦးဆောင်ဦရွက်ပြုနိုင်မယ့် နိုင်ငံရေးသမား တစ်ယောက်ကိုခေါင်းဆောင်စေပြီး အစိုး ရသစ် ဖွဲ့စည်းနိုင်မယ်လို့ မမြင်ဘူး”ဟု ကာနက်ဂျီ အရှေ့အလယ်ပိုင်းစင်တာမှ ဒါရိုက်တာပေါဆယ်လမ်က မစ္စတာမီကာတီနှင့် မစ္စတာဟရီရီ၏ ဆွန်နီ နိုင် ငံရေး ပါတီ ထောက်ခံသူတို့ကြား အက်ကြောင်းထနေမှုကို ညွှန်းဆိုပြောကြားသည်။

ဆီးရီးယားအာဏာ ခွဲဝေအုပ်ချုပ်မှုမူအရ ဝန်ကြီးချုပ်သည် ဆွန်နီမူဆလင် ဖြစ်ရပြီး၊ သမ္မတသည် လက်ဘနွန်သား ခရစ်ယာန်ဖြစ်ရမည် ဖြစ်ကာ လွှတ်တော်ဥက္ကဋ္ဌသည် ရှီအိုက်မူဆလင် ဖြစ်ရမည်ဖြစ်သည်။

Ref:Reuters
The Myanma Age

No comments: