Saturday,, March 23, 2013
ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာဦးဆောင်သည့်အဖွဲ့နှင့် အစိုး ရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆော င်ရေးအဖွဲ့တို့သည် မတ်လ၂၃ရက်နေ့ ကမာရွက် မြို့နယ်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင်မနက် ၉နာ ရီမှစတင်ကာ ညနေ ၄နာရီခွဲ အချိန်အထိ ငြိမ်း ချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။ အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင် မလုပ်ခင်ကတည်းက မူလ PNO ရလဖခေါင်းဆော င်တွေ ရဟန်းသံဃာတွေနဲ့ တွေ့ပြီး အားလုံး သဘောတူမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့လုပ်တာပါ။ အားလုံးက ဆန္ဒမရှိရင်တော့ မလုပ်ပါဘူး PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာမှ သတင်းထောက်များ၏မေးမြန်းမှု၌ ပြောကြားသည်။
ယနေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းပြီး ဆုံးသွားပါက PNLO မှ ၎င်းတို့တပ်ဖွဲ့သည် အင်အား ၃၀၀နီးပါးခန့်ရှိသည့် မိသားစုတို့၏ စားဝတ်နေရေး၊ စီးပွားရေးရပ်တည်မှုတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေးကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)သည် ယခုလက်ရှိ အချိန်၌ ဆက်ဆံရေးရုံး အား တောင်ကြီးမြို့တမြို့ထဲတွင်သာ ဖွင့်ထား နိုင်သေးကြောင်းနှင့် စီးပွားရေးလုပ်ငန်းပြု လုပ်ရန်အတွက် ရုံးတစ်ခုကို သထုံတွင်တိုးချဲ့ဖွင့်လှစ်ရန် သဘောတူထားကြောင်း သိရသည်။
ထိုပြင် ပအို့ဝ်အမျိုးသားရေးအဖွဲ့ချုပ် (PNLO)သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအား ပြီးခဲ့ သည့်နှစ် သြဂုတ်လ ၂၅ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးအား သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ၆လအကြာတွင် ပြည်ထောင်စုအဆင့်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
The Myanma Age

No comments:
Post a Comment