Thursday, March 21, 2013

မိတ္ထီလာတွင် တင်းကြပ်စွာ ကိုင်တွယ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Thursday, 21 March 2013
မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်း ဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်းဒေါ်အောင် ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။ "အခု အချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေ အနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ထားတယ်"ဟုမိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီ ကို ပြောဆိုသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ယနေ့မနက်အထိ ရဲတပ်ဖွဲ့သို့ရောက်လာသော စရင်းများအရ သံဃာတော် ၁ ပါး၊ ဗုဒ္ဓဘာသာဝင် ၁ဦး၊ အစ္စလမ် ဘာသာဝင် ၁ ဦး၊ မည်သူဟု အတည်မပြုနိုင်သောသူ ၁ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၂၅ ဦးအထိရှိကြောင်း ဆေးရုံလူနာမှတ်တမ်း များအရ သိရကြောင်း မိတ္ထီလာ ခရိုင်ရဲမှူးက အတည်ပြုပြော ကြားသည်။



ယနေ့မနက်ပိုင်းတွင် ပိတ်မိနေသော အစ္စလမ်ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်ကြီးမှ ၀ိုင်းပြီး ရန်ပြုနေရာ လူအများအပြား ရိုက်နှက်ခံရသည် ကိုတွေခဲ့ရကြောင်း၊ အခင်းဖြစ်ရာနေရာတွင် လူ ၁၀ ဦးထက်မ နည်းသေဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သော အမျိုးသားဒီ မိုကေ ရစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြော သည်။

ဧရာဝတီ

No comments: